1. Home
  2. Special or Others

ဖုန်းအားသွင်းနေစဉ် ဂိမ်းဆော့နေတဲ့ ၆ နှစ်သမီးလေး ဓါတ်လိုက် သေဆုံး

Special or Others ธ.ค. 14, 2561 view 1,675

အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗား ဘွန်ဂေါပြည်နယ်ရှိ ဆန်ဂျားကျေးရွာတွင် အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး ဒီဇင်ဘာလ ၁၂ ရက်နေ့က ဓါတ်လိုက်သေဆုံးခဲ့သည်။

ဘွန်ဂေါပြည်နယ်ရဲ၏ အဆိုအရ အသက် ၆ နှစ်အရွယ် Salsabila Ayu Putri ဆိုသူ မိန်းကလေးဟာ ညနေ ၄ နာရီအချိန်ခန့်တွင် နေအိမ်ဖုံးကို အားသွင်းထားပြီး ဂိမ်းဆော့နေခဲ့သည်။ ထိုအချိန်တွင် ရာသီဥတုအခြေအနေမှာ ဆိုးရွားပြီး မိုးတွေရွာ လျှပ်စီးများလက်နေချိန်လည်းဖြစ်သည်။

ထိုစဉ် ရုတ်တရက်မိုးကိုးပစ်ချလိုက်ပြီး ကလေးငယ်မှာ ကြမ်းပြင်ပေါ်သို့ ဖုန်းနဲ့ပါးနဲ့အပ်ကာ လဲကျသွားခဲ့ပါတယ်။ ကလေး၏ မိခင်ဖြစ်သူ အသက် ၃၀ နှစ်အရွယ် Ms Widiya က ဖုန်းအားသွင်းပလပ်ကြိုးကို ဆွဲဖြုတ်လိုက်ချိန်မှာ သူမကိုလည်း အနည်းငယ် ဓါတ်လိုက်တာခံခဲ့ရပါတယ်။

မိခင်က ကလေးကို မချီလိုက်တဲ့အခါ ဖုန်းပေါ် လဲကျနေတဲ့ ညာဘက်မျက်နှာက မီးလောင်ဖုများ ထနေပြီး ကလေးရဲ့ ရင်ဘတ်မှာ ညိုမဲဒဏ်ရာ ရရှိတာကို တွေ့ခဲ့ရပါတယ်။ အိမ်ီးနားချင်းတွေကို ချက်ခြင်း အော်ဟစ်အကူညီတောင်းခဲ့ပေမယ့် နောက်ကျသွားခဲ့ပြီး ကလေး သေဆုံးသွားခဲ့ပါတယ်။

မိသားစုတွေက ကလေးရဲ့ အလောင်းကို ရင်ခွဲစစ်ဆေးတာတွေ မလုပ်ဖို့ ရဲတွေကို တောင်းဆိုထာကြောင်း သိရှိရသည်။



Follow us on