1. Home
  2. Movie Stars - Celebrity

Miss Universe ပြိုင်ပွဲမှာထိုင်းသတင်းမီဒီယာတွေရဲ့အလေးပေးခြင်းခံရတဲ့ မြန်မာအလှမယ် နှင်းသွေးယုအောင်

Movie Stars - Celebrity ธ.ค. 14, 2561 view 2,376

လက်တလော ထိုင်းနိုင်ငံမှာ ပြုလုပ်နေတဲ့ Miss Universe 2018 (မယ်စကြဝဠာ ပြိုင်ပွဲကြီး) ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အလှမယ် နှင်းသွေးယုအောင်က သွားရောက်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။


နှင်းသွေးယုအောင် တာချီလိတ်ဇာတိဖြစ်ပြီး ထိုင်းစကားကို ကျွမ်းကျင်ပိုင်နိုင်စွာပြောဆိုနိုင်သူတစ်ယောက်ပါ။


 မြန်မာနိုင်ငံက လူတစ်ယောက်အနေနဲ့ ထိုင်းစကားကို ဒီလောက်ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်တာကို ထိုင်းလူမျိုးတွေတောင် အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။


ဒါကြောင့်လဲ ထိုင်းသတင်းမီဒီယာတွေက သူမကိုစောင့်ကြည့်နေပြီး သူမအကြောင်းကို အင်တာဗျူးခဲ့တဲ့အခါမှာ သူမက ထိုင်းလိုပဲဖြေကြားခဲ့ပါတယ်။

Miss Universe 2018 ပြိုင်ပွဲကြီးကိုအာရှနိုင်ငံတွေထဲက အိမ်နီးချင်းထိုင်းနိုင်ငံမှာကျင်းပပြုလုပ်တဲ့အတွက် သူမအနေနဲ့ ဝမ်းသာမိကြောင်း၊ ထိုင်းအစားအစာတွေကိုလဲ အင်မတန်မှကြိုက်နှစ်သက်ကြောင်း၊ ထိုင်းလူမျိုးတွေရဲ့ နွေးထွေးတဲ့အပြုံးတွေက သူမကိုအားတက်စေကြောင်း ဖြေကြားထားပါတယ်။ ထိုင်းနိုင်ငံက ပရိတ်သတ်တွေကိုတွေ့မြင်ရဖို့ သူမအနေနဲ့ အရမ်းကိုစိတ်လှုပ်ရှားနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။


မယ်စကြာဝဠာပြိုင်ပွဲကြီးကို ထိုင်းနိုင်ငံမှာကျင်းပပြုလုပ်တာဖြစ်လို့ ထိုင်းစကားတတ်တဲ့ သူမအတွက်အဆင်ပြေချောမွေ့နေမယ်လို့ထင်ပါတယ်။


ပြီးတော့သူမရဲ့ ယုံကြည်ချက်အပြည့်ရှိတဲ့ ဟန်ပန်နဲ့ သန့်ရှင်းလန်းဆန်းတဲ့အပြုံးတို့က ပရိတ်သတ်တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။


အလှမယ် နှင်းသွေးယုအောင်ဟာ မယ်စကြာဝဠာပြိုင်ပွဲကြီးကို လာမယ့် ဒီဇင်ဘာလ ၁၆ ရက်မှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ယှဉ်ပြိုင်ရတော့မှာဖြစ်ပြီး Fox TV မှတိုက်ရိုက်ထုတ်လွှင့်သွားမယ်လို့သိရပါတယ်။

ဒါကတော့ အလှမယ်နှင်းသွေးယုအောင် ထိုင်းမီဒီယာတစ်ခုမှာ ဖော်ပြခြင်းခံရတဲ့ ဗီဒီယိုပဲဖြစ်ပါတယ်။ အလှမယ်နှင်းသွေးယုအောင်ကိုအားပေးတယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့ကြနဲ့ဦးနော်။




Follow us on