1. Home
  2. Movie Stars - Celebrity

ဘွဲ့ရသွားပြီ ဖြစ်တဲ့ Pee Mak မင်းသမီးလေး Mai Davikah Hoorne

Movie Stars - Celebrity ธ.ค. 17, 2561 view 2,144

မြန်မာနိုင်ငံမှာ Pee Mak မင်းသမီးလေးလို့ လူသိများတဲ့ ထိုင်းမင်းသမီးချောလေး Mai Davikah Hoorne ဟာ ပညာရေး ဆုံးခန်းတိုင်ပြီး ဘွဲ့ရရှိသွားပြီဖြစ်ပါတယ်။


အသက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Mai ဟာ Rangsit University မှ Bachelor of Communication Arts နဲ့ ဘွဲ့ရခဲ့တာဖြစ်ပါတယ်။


Mai ဟာပြီးခဲ့တဲ့ ရက်အနည်းငယ် သူမ ဘွဲ့မယူခင် ရက်တွေကတည်းက ဘွဲ့ယူမယ့်ရက်နဲ့ အချိန်၊ နေရာတို့ကို instagram account မှာတင်ပြီး ပရိတ်သတ်တွေကိုအသိပေးခဲ့ပါတယ်။


Mai ဘွဲ့ယူတဲ့ နေ့မှာရော၊ reharsal နေ့မှာပါ ဘွဲ့ယူခန်းမရှေ့မှာ သူမပရိတ်သတ်တွေနဲ့ ပြည့်နေခဲ့တာပါ။ ပရိတ်သတ်တွေကလဲ ထိုင်းရိုးရာ အိုးစည်ဗုံမောင်းတွေနဲ့ Mai ကို ဂုဏ်ပြုကြပါတယ်။

Mai မော်ဒယ်အဖြစ် ကြော်ငြာတဲ့ ကုန်ပစ္စည်း brand တွေကလဲ Mai ကို ဂုဏ်ပြုပန်းစည်းတွေပေးပို့ခဲ့ကြပါတယ်။ Mai ကသူမရဲ့ instagram story မှာ ကုန်ပစ္စည်းအားလုံးကို ကျေးဇူးတင်ကြောင်းတင်ခဲ့ပါတယ်။

 

‘ဘွဲ့ယူတဲ့နေ့မှာ အမေကအရမ်းလှနေတယ်’ ဆိုပြီး သူမအမေကို အမွှန်းတင်ချီးကျူးနေခဲ့တဲ့ Mai ပါပဲ။ Mai ရဲ့ အမေကလဲ သူ့သမီးလေး ဒီလို ဘွဲ့ရတာ ဂုဏ်ယူစရာဖြစ်ကြောင်း သူမရဲ့ instagram စာမျက်နှာမှာတင်ခဲ့ပါတယ်။

Mai တစ်ယောက် ဘွဲ့ယူပြီးပြီးချင်း အိမ်ပြန်ရောက်တာနဲ့ အမေ့ကို ထိုင်ကန်တော့တယ်လို့ သိပါတယ်။ သူဒီလို အောင်မြင်နေတာတွေရော ပညာတတ်ကြီးဖြစ်လာတာရော အကုန်လုံးက အမေ့ကျေးဇူးတွေပါတဲ့။


ဘွဲ့ယူပြီးတဲ့ ညမှာလဲ Mai ကရင်းနှီးတဲ့ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ ဂုဏ်ပြု ပါတီအသေးစားလေးကိုလုပ်ခဲ့ပါသေးတယ်။


Mai ဟာနာမည်ကြီး cele တစ်ယောက်ဖြစ်ပေမဲ့ မာနမကြီးတတ်ပဲ ပွင့်ပွင့်လင်းလင်း နေတတ်တဲ့အတွက်ကြောင့် ပရိတ်သတ်တွေက သူမကိုအရမ်းချစ်ကြတာပါ။ ဘွဲ့ယူတဲ့ နေ့မှာ ပရိတ်တွေလာအားပေးတာကို သူမကဓာတ်ပုံတူတူတွဲရိုက်ပေးတာတို့ ပရိတ်သတ်တွေကို အပြောင်အပျက် ကပြတာမျိုးတွေလုပ်ပြနေတာမျိုးတွေက ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ အမူအကျင့်တွေပါ။


မြန်မာနိုင်ငံက ပရိတ်သတ်ကြီးလဲ ချစ်စရာကောင်းပြီး ပွင့်လင်းတတ်တဲ့ Mai ကို ချစ်တယ်ဆိုရင် like&share လုပ်ဖို့ မမေ့ကြနဲ့ဦးနော်။



Follow us on