1. Home
  2. Myanmar News

၂၀၁၉ မှာ စည်းကမ်းမဲ့ယာဉ်မောင်းများကို ဥပဒေအရ မထိန်းချုပ်လျှင် ကိုယ်တိုင်ဆင်းရိုက်မိတော့မည်ဟု သားစိုးပြောပြီ (ရုပ်သံ)

Myanmar News ธ.ค. 17, 2561 view 1,877

ဒီဇင်ဘာလ ၁၆ ရက် တနင်္ဂနွေနေ့က ရန်ကုန်မြို့  Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သော “Orchid ရေနွေးကြမ်းဝိုင်း” စကားဝိုင်းတွင် ဂီတအနုပညာရှင်သားစိုးက လက်ရှိနေ့စဉ် ပြည်သူများ ကြုံတွေနေရသည့် YBS ယာဉ်လိုင်းများအပါအဝင် စည်းကမ်းမဲ့ မောင်းနှင်နေမှုများကို ဥပဒေအရ ထိန်းချုပ်မှု မရှိပါက လူကိုယ်တိုင် ဆင်းရိုက်မိတော့မည်ဟု ဆွေးနွေး တင်ပြခဲ့ပါတယ်။

အဖက်ဖက်မှ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနေရသည့် လက်ရှိအစိုးရကို လေးစားငဲ့ညှာသောအားဖြင့် နေစဉ်ကြုံတွေ့နေရသော စည်းကမ်းမဲ့ မောင်းနှင်မှုများ၊ အများပြည်သူ အန္တရာယ်ဖြစ်အောင် ပြုလမှုလုပ်ဆောင်ချက်များကို သည်းခံစိတ်ထားပြီး စောင့်ကြည့်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှာ ဒီလိုကိစ္စတွေကို ဥပဒေအရ ထိရောက်စွာ မထိန်းချုပ်နိုင်ပါက သည်းခံတော့မည် မဟုတ်ပဲ လူကိုယ်တိုင် ဆင်းရိုက်မိတော့မည်ဟု ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် “YBS ဆိုတာ တစ်ချိန်က မ.ထ.သ ပါပဲ” လို့ ပြည်သူအများ ဝေဖန်ပြောဆိုနေကြသလို YBS ယာဉ်မောင်းများ၏ စည်းကမ်းမဲ့မှု၊ အဝေးပြေးယာဉ်လိုင်းများ၏ စည်းကမ်းမဲ့ မောင်နှင်မှုများကြောင့် ပြည်သူများအသက်ဆုံးရှုံးနေရသည့်အတွက် အဆိုပါယာဉ်မောင်းများဟာ လူသတ်သမားတွေ ဖြစ်တယ်လို့ တိုက်ရိုက်ဝေဖန်ခဲ့ပါတယ်။


ဒါကြောင့်မို့ တာဝန်ရှိသူများအနေနဲ့  ၂၀၁၉ ခုနှစ်မှာ စည်းကမ်းမဲ့ လုပ်ရပ်များကို ထိရောက်စွာ ကြပ်ကြပ်မတ်မတ် အရေးယူဆောင်ရွက်ပေးဖို့ တောင်းပန်ကြောင်း ပြောဆိုခဲ့ပါတယ်။



Follow us on