အလှမယ်သင်းသင်းကတော့ ရုပ်ရှင်သရုပ်ဆောင် ပရဟိတမင်းသားကြီး ဝေဠုကျော်ကို ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုရန်ပြင်ဆင်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူမနဲ့ ဝေဠုကျော်တို့ဟာ ၇ လကျော် ၈ လအချိန်အတိုင်းအတာထိ သမီးရည်စားတွေဖြစ်ခဲ့ဖူးကာ ဝေဠုကျော်တို့မိသားစုဘက်မှ မတူမတန်နှိုင်းယှဉ်ပြောဆိုတဲ့ ရင်းသီတဲ့စကားလုံးတွေကြောင့် စိတ်နာကာ တရားစွဲဆိုသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အင်တာဗျူးတွေကနေတစ်ဆင့် သူမနဲ့ဝေဠုကျော်တို့ကြားက ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ကြောင်းကုန်စဉ်တွေကို လူသိရှင်ကြားပြောကြားခဲ့ပြီး ဝေဠုကျော်က ပထမဆုံးအကြိမ်သူမနဲ့တွေ့တွေ့ခြင်းမှာပင် ကာမလိမ်လည်ရယူခဲ့တာဖြစ်တယ်လို့ အင်တာဗျူးတစ်ခုကနေပြောကြားသွားခဲ့ပါသေးတယ်။ သိပ်မကြာသေးမီရက်ပိုင်းက သင်းသင်းတစ်ယောက် ဝေဠုကျော်နဲ့ ထိပ်တိုက်ဖြေရှင်းညှိုနှိုင်းပြီး ပြေလည်မှုရရှိသွားပြီဆိုတဲ့ သတင်းတွေတက်လာခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး သင်းသင်းဘက်မှ ယခုလိုပဲပြန်လည်ဖြေရှင်းလိုက်တာပါတယ်။
ဝေဠုကျော်နဲ့ပြေလည်မှုရသွားပြီဆိုပြီး ရေးတင်နေသောအကောင့်မှာ အကောင့်တုဖြစ်ကြောင်းနဲ့ သူမကိုလုပ်ကြံဖို့အတွက် မဟုတ်မမှန်ရေးသားထားခြင်းဖြစ်ကြောင်းကို “အာ့အတုပါ လုံးဝမဟုတ်ကြောင်း အားလုံးကိုပြောချင်ပါတယ်…. ကျမအကောင့်ကို နေ့တိုင်ဟတ်နေကြတယ်…ဒါကလုပ်ကြံ ဒီနေ့မှလိုင်းသုံးတယ်ရှင့်… Acc အတုတွေနဲ့ ကျမပုံတွေ ယူသုံးနေပြန်ပြီ…အဲ့လောက်တောင် ပိုက်ဆံရလား အချိုန်ပြည့် ကျမကိုဖိုက်နေတာ အားနေတယ်နော်.. ဒီထက်ယုတ်ညံ့တာ ဘာလုပ်ချင်သေးတာလဲ ကွယ် ကျမကအရမ်းကြောက်နေပါပြီနော်” ဆိုကာ ဝေဠုကျော်နဲပ ပြေလည်မှုယူလိုက်ပြီဆိုတာ မဟုတ်ကြောင်းကို ပြန်လည်ဖြေရှင်းလိုက်တာပဲဖြစ်ပါတယ်။
သင်းသင်းဟာ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Miss Tourism Ambassador ဆိုကိုရရှိခဲ့ဖူးသူဖြစ်ပါတယ်။ သို့ပေမယ့် ယခုကဲ့သို့ပြဿနာတွေပေါ်လာပြီးနောက် အင်တာဗျူးတစ်ခုမှာ Organizer တွေရဲ့ နာမည်ကိုပါ ထုတ်ဖော်ပြောလိုက်တာကြောင့် MMPA Organization မှ အလှမယ်ဘွဲ့နဲ့ သရဖူကိုပြန်လည်ရုတ်သိမ်းခဲ့ပါတယ်။ သင်းသင်းဘက်ကလဲ ကျေကျေနပ်နပ်ပဲ သရဖူကိုပြန်လည်ပေးအပ်ခဲ့တာဖြစ်ပါတယ်။