1. Home
  2. Movie Stars - Celebrity

အသက် ၄၂ နှစ်ရှိပြီဖြစ်သော်လည်း ငယ်ရွယ်နုပျိုဆဲ ကျိုးဝေ့

Movie Stars - Celebrity ธ.ค. 17, 2561 view 1,867

တစ်ချိန်က မြန်မာ့တီဗွီရုပ်သံလိုင်းတွေကနေ အချိန်ပေးစောင့်ကြည့်ခဲ့ရတဲ့ “ရွှေမင်းသမီးလေး(Huan zhu Ge Ge)” ဇာတ်လမ်းတွဲက မင်းသမီးလေး ကျိုးဝေ့ဟာ အသက် ၄၂ နှစ်ရှိပြီဖြစ်ပါတယ်။


ကျိုးဝေ့ဟာ တရုတ်ပြည်နဲ့ အာရှနိုင်ငံများမှာသာမက ဟောလိဝုဒ်ထိပါ နာမည်ကြီးလူကြိုက်များတဲ့မင်းသမီး တစ်လက်ပါ။ ၂၀၀၃ ခုနှစ်က ရိုက်ကူးခဲ့တဲ့ So close ရုပ်ရှင်ဇာတ်ကားမှာ အစ်မဖြစ်သူကိုသတ်တဲ့သူကို လက်စားချေတဲ့ကောင်မလေး ဟာ အသက် ၄၂ နှစ်တောင်ပြည့်ခဲ့ပါပြီ။


သူမက so close မှာအတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Qi Shu နဲ့လဲ အခင်အမင်မပျက် သွားသွားလာလာရှိနေတုန်းပါပဲ။


ပြီးခဲ့တဲ့ ရက်ပိုင်းက Hainan International Film Festival ရဲ့ ပိတ်ပွဲမှာ Huan Zhu Ge Ge ဇာတ်လမ်းတွဲထဲက သူမနဲ့အတူတွဲဖက်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Alec Su နဲ့ ပွဲအတူတက်ရောက်ခဲ့ပါတယ်။


Huang Zhu Ge Ge ဇာတ်ကားရိုက်တုန်းက ကျိုးဝေ့က အသက် ၂၂ ၊ Alec ကအသက် ၂၅ နှစ်ပဲရှိသေးတာပါ။ အချိန်ခဏလေးလို့ပဲထင်လိုက်ပေမယ့် ရွှေမင်းသမီးလေး ဇာတ်ကားတောင် နှစ် ၂၀ကြာခဲ့ပါပြီ။ ကျွန်တော်တို့အသက်တွေလဲ မငယ်တော့ ဘူးလို့ ဆိုလိုလိုက်တဲ့သဘောပါပဲ။


အခု သူတို့ ပြန်တွေ့ကြတော့ ကျိုးဝေ့က အသက် ၄၂၊ Alec ကအသက် ၄၅ နှစ်ရှိပါပြီ။ သူတို့နှစ်ဦးရဲ့ ငယ်ရွယ်နုပျိုတဲ့အချိန်တွေကိုပြန်သတိရမိတယ်လို့ဆိုပါတယ်။


တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး အမျိုးသမီးသူရဲကောင်း တစ်ဦးဖြစ်တဲ့ Mulan ရုပ်ရှင်ဇာတ်ကားကြီးမှာ ကျိုးဝေ့က Mulan အနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိုကားကလဲ အရမ်းကိုပေါက်မြောက်အောင်မြင်ခဲ့တာပါ။


ကျိုးဝေ့သရုပ်ဆောင်တဲ့ ဇာတ်ရုပ်တော်တော်များများဟာမိန်းမသိပ်မဆန်ပဲ ခပ်ကြမ်းကြမ်းဇာတ်ရုပ်တွေကိုသာ သရုပ်ဆောင်လေ့ရှိပါတယ်။


နာမည်ကြီး တရုတ်ပြည်ရဲ့ တိုက်ပွဲတစ်ခုဖြစ်တဲ့ တံတိုင်းနီတိုက်ပွဲ (Red Cliff) ဇာတ်ကားမှာလဲ တစ်ဦးတည်းသော တိုက်ပွဲဝင်သူအမျိုးသမီးနေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။


ဒီလိုရဲရင့်ပြတ်သားတဲ့ အမျိုးသမီးဇာတ်ရုပ်တွေကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ သူမဟာပြင်ပမှာ ထက်မြက်ရင့်ကျက်သူတစ်ယောက်ဆိုတာပြောစရာကိုမလို သလောက်ပါပဲ။


Huan Zhu Ge Ge ကစလို့ သူမသရုပ်ဆောင်ဖူးတဲ့ ဇာတ်ကားတွေအကုန်လုံး သူမအသက်အရွယ်အပိုင်းအခြားအရ ရုပ်ကျသွားတာမျိုးတွေမရှိတာကိုတွေ့ရပါတယ်။ ပြောင်းလဲသွားတာဆိုလို့ သူမမျက်နှာက တည်ငြိမ်ရင့်ကျက်တဲ့မျက်နှာပေးပဲဖြစ်ပါတယ်။


ကျိုးဝေ့ဟာ အနုပညာအသိုင်းအဝိုင်းမှာ အပေါင်းအသင်းလဲဝင်ဆံ့သလို ဆက်ဆံရေးကောင်းသူတစ်ဦးလို့ နာမည်ကြီးသူဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ သရုပ်ဆောင်အသစ်တွေကိုလဲ လက်တွဲခေါ်ယူတတ်ပြီး မာနမကြီးတတ်သူတစ်ယောက်ပါ။ ဒါကြောင့် သူမကိုလူချစ်လူခင်ပေါတာလဲ မဆန်းပါဘူးနော်။ ပရိတ်သတ်ကြီးလဲ ကျိုးဝေ့ကိုချစ်တယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့ကြပါနဲ့ဦး။



Follow us on