1. Home
  2. Movie Stars - Celebrity

တေလာဆွစ်ဖ် နဲ့တူလို့ စနောက်ခံခဲ့ရတဲ့ Miss Canada

Movie Stars - Celebrity ธ.ค. 17, 2561 view 1,492

ကမ္ဘာပေါ်မှာ ကြီးကျယ်အခမ်းနားဆုံးဖြစ်တဲ့ Miss Universe 2018 မယ်စကြာဝဠာပြိုင်ပွဲကြီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ၊ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ပါတယ်။ Miss Universe 2018 အလှမယ်သရဖူ ကို Miss Philippines ကဆွတ်ခူးရရှိခဲ့ပါတယ်။


အဆိုပါ အလှမယ်ပြိုင်ပွဲကြီးမှာ top 10 ထဲကိုဝင်ခဲ့တဲ့ Miss Canada က Taylor Swift နဲ့တူလို့ ပရိတ်သတ်တွေအံ့အားသင့်ခဲ့ကြပါတယ်။ Taylor Swift ဆိုတာကလဲ ဟောလိဝုဒ်က ဒိတ်ဒိတ်ကျဲအဆိုတော်တစ်ယောက်မဟုတ်ပါလား။ ဒီလိုနာမည်ကြီးအဆိုတော်တစ်ယောက်ကို Miss Universe ပြိုင်ပွဲကြီးမှာ သီချင်းဆိုဖို့ ဖိတ်ခေါ်ခံရလိမ့်မယ် လို့ခန့်မှန်းခဲ့ကြပေမယ့် အထင်နဲ့ အမြင်တလွဲစီဖြစ်နေခဲ့ပါတယ်။


Taylor Swift တစ်ယောက် ဒီလိုခမ်းနားတဲ့အလှမယ်ပြိုင်ပွဲကြီးကို လာရောက်ဖျော်ဖြေဖို့ မတန်ဘူးလား ဘာညာဆိုတဲ့သတင်းတွေထွက်လာပါတယ်။


ပြီးတော့ 2009 ခုနှစ်လောက်က Taylor Swift တစ်ယောက် You Belong with me သီချင်းနဲ့ VMAs မှာဆုရရှိခဲ့စဉ်အခါက သူမကျေးဇူးတင်စကားပြောတဲ့အခါမှာ လူမဲ Rapper Kanye West ကသူမကို ဒီဆုနဲ့မထိုက်တန်ဘူး၊ ဒီဆုက Beyonce နဲ့သာထိုက်တန်တာဖြစ်ကြောင်း စင်ပေါ်တက်ပြီး စော်ကားပြောဆိုခဲ့ပါတယ်။


အခု Taylor Swift နည်းတူ ရွှေအိုရောင်ဆံနွယ်တွေကိုပိုင်ဆိုင်ထားတဲ့ Miss Canada ကိုမြင်တော့တစ်ချိန်ကအရှက်ရခဲ့တဲ့ Taylor Swift ရဲ့အဖြစ်အပျက်ကို သတိရသွားကြတာပါ။


Top 10 ထဲ ဝင်တဲ့ Miss Canada ကိုမေးခွန်းမေးဖို့ မေးခွန်းကို ဖောက်ဖတ်လိုက်တဲ့ Steve Harvey နဲ့ ဘာဖြေရမှန်းမသိ ကြောင်အမ်းအမ်းဖြစ်နေတဲ့ Miss Canada တို့ကိုမြင်တဲ့အခါ Taylor Swift နဲ့ Kanye West တို့ရဲ့အဖြစ်အပျက်ကို သတိရမိတယ်လို့ ဖန်တွေက တွစ်တာမှာ တွိစ်ခဲ့ကြပါတယ်။

 

 



Follow us on