1. Home
  2. Football

မန်ယူမှ ပြောင်းရွှေ့ပြီး ဟစ်ထရစ် သွင်းယူနိုင်ခဲ့တဲ့ နောက်ခံကစားသမား ဒါလေဘလိုင်း

Football ธ.ค. 18, 2561 view 1,571

ပြီးခဲ့တဲ့အပါတ်က ကစားခဲ့တဲ့ ဟော်လန်ကလပ်သင်း အေဂျက်စ်နဲ့ ဒီဂရာရှက်ပ်တို့ပွဲမှာ လက်ရှိအေဂျက်စ်မှာ ကစားနေတဲ့မန် ယူနောက်ခံလူဟောင်း ဒါလေဘလိုင်းဟာ နောက်ခံလူတဦးအနေနဲ့ Hat Trick သွင်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။ အဲ့ပွဲ မှာ အေဂျက်စ်အသင်းဟာ ပြိုင်ဖက်အသင်းကို ၈ ဂိုးပြတ်နဲ့အနိုင်ရရှိခဲ့ပြီး ဘလိုင်းဟာပွဲချိန် ၆၅ မိနစ်မှာ ဧရိယာထိပ်က ဘယ်ခြေနဲ့ လှလှပပအပြင်းကန်သွင်းပြီးပထမဂိုး၊ ပွဲချိန် ၇၄ မိနစ်မှာညာထောင့်ကန်ဘောကဖြတ်တင်ပေးတာကို ဘယ်ခြေ နဲ့မြေမကျပိတ်ပြီးသွင်း ဒုတိယဂိုးနဲ့ ပွဲပြီးကာနီး မိနစ် ၉၀ မှာ ညာတောင်ပံကတင်ပေးတာကိုပဲ ဘယ်ခြေနဲ့ပိတ်တာမထိပဲ ချော်ထွက်တာကို ညာခြေနဲ့ပိတ်ပြီးကန်သွင်းယူကာ တတိယဂိုး Hat Trick ရယူနိုင်ခဲ့ပါတယ်။

ဒါလေဘလိုင်းဟာ ခုရာသီစမှာ မန်ယူအသင်းကနေ အသင်းဟောင်းအေဂျက်စ်အသင်းကို အလွတ်ပြောင်းကြေးနဲ့ပြောင်း ခဲ့ပြီး အသင်းနဲ့ ၄ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ခုရာသီအေဂျက်စ်အသင်းနောက်ခံလူအဖြစ်ပွဲတိုင်းကစားခွင့်ရပြီး ခြေစွမ်းပြ နေတဲ့ ဒါလေဘလိုင်းအတွက်တော့ ဒါဟာသူ့ရဲ့ဘောလုံးသမားကယ်ရီယာဘဝတလျှောက်မှာ ပထမဦးဆုံးရခဲ့တဲ့ Hat Trick ဖြစ်ခဲ့ပါတယ်။ ပွဲပြီးတော့ ဘလိုင်းက “ပျော်ရွှင်စရာအခိုက်အတန့်ပါ၊ အသင်းနိုင်ပွဲနဲ့ အတူ Hat Trick ရခဲ့လို့ပျော် ရွှင်ပါတယ်၊ နောက်ပွဲတွေမှာနိုင်ပွဲဆက်ရဖို့ ကြိုးစားသွားပါမယ်”လို့ ပြောခဲ့ပါတယ်။


အဲ့ပွဲမှာ ဘလိုင်းနဲ့အတူ ဒီရာသီခြေစွမ်းပြနေတဲ့ မော်ရိုကိုတိုက်စစ်မှူးဇီယက်ခ်ျကလည်း Hat trick သွင်းပေးနိုင်ခဲ့တာမို့ ပွဲ အပြီးမှာ သူတို့နှစ်ယောက်ဟာ အသင်းဖော်တွေရဲ့ပွေ့ဖက်ဂိုဏ်ပြုခြင်းကို ခံခဲ့ကြရပါတယ်။ အေဂျက်စ်အသင်းဟာခုပွဲ အနိုင်ကြောင့် ဇယားထိပ်က PSV အသင်းနဲ့နှစ်မှတ်အကွာ ဒုတိယနေရာကနေ ဆက်ပြီးဖိအားပေးနိုင်ဆဲဖြစ်ပြီး၊ သူတို့နှစ် သင်းဟာ နယ်သာလန်ပြည်တွင်းလိဂ်ပွဲစဉ် ၁၆ အပြီးမှာ ရဂိုး ၅၇ ဂိုး၊ ပေးဂိုး ၇ ဂိုး၊ ဂိုးကွာခြားချက် ၅၀ နဲ့ အံ့အားသင့်ဖွယ် ကောင်းလောက်အောင် စွမ်းဆောင်ရည်ခြင်းတူညီနေကြကာ အေဂျက်စ်အသင်းက သရေပွဲတပွဲပိုများခဲ့လို့ နှစ်မှတ်အကွာ မှာကျန်နေခဲ့တာလို့ သိရပါတယ်။




Follow us on