1. Home
  2. Movie Stars - Celebrity

ဖန်တွေက လက်ထပ်စေချင်နေပြီဖြစ်တဲ့ Mai Davikah နဲ့သူမချစ်သူ

Movie Stars - Celebrity ธ.ค. 18, 2561 view 1,763

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ Pee Mak မင်းသမီးချောလေး Mai Davikah Hoorne ဟာ Rangsit University ကနေ Bachelor of Communication Arts ဘွဲ့ ရခဲ့ပါတယ်။


သူမ ဘွဲ့ယူတဲ့ နေ့မှာ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ သူမပရိတ်သတ်တွေက လာရောက် ဂုဏ်ပြုချီးမြှင့်ကြလို့ ဘွဲ့ယူတဲ့ခန်းမရှေ့မှာ လူစုလူဝေးကြီးနဲ့ စည်ကားနေခဲ့တာပါပဲ။


Mai ဘွဲ့ယူတဲ့နေ့မှာ သူမကိုဂုဏ်ပြုဖို့ သူမရဲ့ ချစ်သူ Ter Chantavit ရော ရောက်ရှိနေခဲ့တာပါ။ Ter က Mai ဘွဲ့ယူတာ ဂုဏ်ပြုတဲ့အနေနဲ့ instagram မှာ Mai ဘွဲ့မယူခင် မနက်ခင်းအစောကြီးဓာတ်ပုံရိုက်ပြီး တင်ခဲ့ပါတယ်။


ပရိတ်သတ်တွေက Ter ရဲ့ ပို့စ်အောက်မှာ Mai လဲဘွဲ့ရသွားပြီဖြစ်လို့ လက်ထပ်ကြပါတော့လို့ ပြောခဲ့ကြပါတယ်။ ရွှတ်နောက်နောက်နဲ့ မာနမကြီးတတ်တဲ့ သူတို့နှစ်ယောက်ကို ပရိတ်သတ်တွေက မြန်မြန်လက်ထပ်စေချင်နေကြပါပြီ။ Mai တစ်ယောက် ပညာစုံပြီးကြင်ယာပါစုံတော့မလားဆိုတာတော့မပြောတတ်သေးပါဘူး။


Mai နဲ့ Ter တို့ဟာ anniversary ပေါင်းများစွာကို ကျော်ဖြတ်ပြီး ချစ်သူသက်တမ်းက အချိန်တစ်ခုကြာမြင့်နေပြီဖြစ်ပါတယ်။


Ter Chantavit ကတော့ အရမ်းရယ်ရတဲ့ထိုင်းဟာသကားတွေမှာ သူမပါမဖြစ်ပါ။ နာမည်ကြီး ဟာသကားတွေဖြစ်တဲ့ ATM Error ၊ Hello Stranger ဇာတ်ကားတွေမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။


သူပါတဲ့အခန်းတွေဆို အူတက်အောင် ရယ်ရတာမို့ ပရိတ်သတ်တွေက သူ့ကိုဟာသမင်းသား တစ်ယောက်အနေနဲ့ ချစ်ခင်ကြပါတယ်။ Ter ကိုယ်တိုင်ကလဲဟာသဥာဏ်ရွှင်သူ တစ်ယောက်ဖြစ်ပြီး တချို့ ဟာသဇာတ်ဝင်ခန်းတွေဆိုရင် သူကိုယ်တိုင်ဇာတ်ညွှန်းရေးသား ထားတာပါတဲ့။


လူတွေကိုပျော်ရွှင်အောင်လုပ်ပေးရတာ သူ့ဝါသနာဖြစ်တဲ့အတွက် လူတွေပျော်ရင်သူလဲပျော်ပါတယ်လို့ Ter ကပြောဖူးပါတယ်။


အားလုံးက Pee Mak မင်းသမီးလို့ လူသိများတဲ့ Mai ကို ခပ်အေးအေးအချေပုံစံလို့ ထင်ကြပေမဲ့ တကယ်တော့ အဲ့လိုမဟုတ်ပါဘူး။ သူလဲ Ter လို ပျော်ပျော်ရွှင်ရွှင်နေ တတ်တဲ့လူတစ်ယောက်ပါ။ ဒါကြောင့်လဲ သူတို့အသွင်တူလို့တွဲမိနေတာလို့ ဆိုရမှာပါပဲ။


အခုလဲ ထိုင်းနိုင်ငံမှာ Ter နဲ့ Mai တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသကား ဇာတ်လမ်းတွဲကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှစတင်ပြီး ထိုင်းစံတော်ချိန် ည ၈ နာရီ ၁၀ မိနစ်အချိန်အခါမှ ထုတ်လွှင့်ပြသနေတာဖြစ်ပါတယ်။


ပရိတ်သတ်ကြီးရော Ter နဲ့ Mai တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲလေး ကိုကြည့်ပြီးကြပြီလား? သဘောကောင်းပြီးချစ်ဖို့ကောင်းတဲ့ Ter နဲ့ Mai တို့စုံတွဲကိုချစ်တယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့နဲ့ဦးနော်။



Follow us on