1. Home
  2. Movie Stars - Celebrity

ဆယ်လီနာဂိုးမက်စ်နဲ့တူတယ်လို့ တင်စားခံနေရတဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို

Movie Stars - Celebrity ธ.ค. 18, 2561 view 1,974

အွန်လိုင်းပေါ်မှာ သူမတူတဲ့ကကွက်ဆန်းတွေနဲ့ အကဗီဒီယိုလေးတွေတင်ရင်း နာမည်ကြီးဆယ်လီတစ်ယောက်ဖြစ်လာတဲ့ ဖြူဖြူထွေးကတော့ ယခုဆိုရင် အနုပညာအလုပ်တွေကိုပါ လုပ်ကိုင်လျက်ရှိနေပါပြီ။ အနုပညာဝါသနာပိုး အရင်းခံရှိသူတစ်ယောက်ဖြစ်တဲ့ သူမကတော့ အကကိုလဲပိုင်နိုင်သလို သရုပ်ဆောင်ပိုင်းမှာလဲ ပီပီပြင်ပြင်နဲ့ အကောင်းဆုံးသရုပ်ဆောင်ပြနိုင်သူဖြစ်ပါတယ်။


ရုပ်ရှင် ဗီဒီယိုတွေနဲ့ ကြော်ငြာတွေကို အဆက်မပြတ်လက်ခံရိုက်ကူးနေရတဲ့ ဖြူဖြူထွေးကတော့ သူမကိုအားပေးဝန်းရံကြတဲ့ ပရိသတ်တွေလဲ အခိုင်အမာရရှိနေပြီပဲဖြစ်ပါတယ်။ အမြဲဆိုသလို သနပ်ခါးပါးကွက်ကြားလေးနဲ့ မြန်မာဆန်ဆန်ပြင်ဆင်ချယ်သတတ်တဲ့ ဖြူဖြူထွေးကိုတော့ ပရိသတ်တွေက ဆယ်လီနာဂိုးမက်စ်နဲ့တူတယ်ဆိုပြီး တင်စားလိုက်ပါတယ်။



မန္တလေးမှာ ကြော်ငြာတစ်ခုကို လက်ခံရိုက်ကူးခဲ့တဲ့ ဖြူဖြူထွေးတစ်ယောက် ဆံပင်အရှည်ကောက်လေးနဲ့ အလန်းစားပုံစံလေးဝတ်စားကာ ရိုက်ကူးခဲ့ပုံလေးကို ပရိသတ်တွေက ဆယ်လီနာနဲ့တူတယ်ဆိုပြီး ပြောနေကြတာပဲဖြစ်ပါတယ်။ ဆံပင်အကောက်လေးနဲ့ အမိုက်စားပုံစံပြင်ဆင်ထားပုံလေးက တကယ်လဲဆယ်လီနာနဲ့တူအောင်ကို လှနေပါတယ်နော်… ကမ္ဘာကျော်အဆိုတော် ဆယ်လီနာနဲ့တူတယ်လို့ ပြောနေကြတဲ့ ဖြူဖြူထွေးရဲ့ ကြော်ငြာဗီဒီယိုကို မျှဝေပေးလိုက်ပါတယ်။






Follow us on