1. Home
  2. Movie Stars - Celebrity

အသစ်ရိုက်မယ့် ဇာတ်လမ်းတွဲမှာကြောင်အဖြစ် သရုပ်ဆောင်သွားမယ့် Yook Sung Jae

Movie Stars - Celebrity ธ.ค. 19, 2561 view 1,432

Goblin ဇာတ်လမ်းတွဲထဲမှာ နတ်ဘုရားများနဲ့ နေအိမ်တစ်အိမ်ထဲ အတူနေထိုင်ရတဲ့ ခပ်ပွေပွေကောင်လေးတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဆောင်းဂျေတစ်ယောက် ဒရာမာဇာတ်လမ်းတွဲအသစ်ထွက်ရှိတော့မှာဖြစ်ပါတယ်။


ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ဆောင်းဂျေရဲ့ အေဂျင်စီဖြစ်တဲ့ Cube Entertainment က ဆောင်းဂျေတစ်ယောက် tvN ရုပ်သံလိုင်းကထုတ်လွှင့်မယ့် ဇာတ်လမ်းတွဲအသစ်မှာပါဝင်မယ့်အကြောင်း သတင်းအတိအကျထုတ်ပြန်ထားပါတယ်။


ထိုဇာတ်လမ်းတွဲမှာ ဆောင်းဂျေက Hong Jo အမည်ရှိတဲ့ယောင်္ကျား လေးတစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ရမှာဖြစ်ပါတယ်။ အဆိုပါ Hon Jo အမည်ရှိတဲ့ အမျိုးသားဟာလူသားတစ်ယောက်အဖြစ် အသွင်ပြောင်းနိုင်တဲ့ ကြောင်တစ်ကောင်ဖြစ်ပါတယ်။ ဆောင်းဂျေဟာသခင်အတွက် လူသားအဖြစ်ပြောင်းလိုက် ကြောင်အဖြစ်ပြောင်းလိုက် နေထိုင်တတ်တဲ့အသွင်းပြောင်း သတ္တဝါအဖြစ် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။


ဇာတ်လမ်းတွဲနာမည်ကိုတော့ ‘The Man who Toasts Bread’ လို့နာမည်ပေးထားပြီး နာမည်ကြီး ရုပ်ပြကာတွန်းတစ်ခုဖြစ်တဲ့ ‘Welcome’ ကိုမှီငြမ်းကိုးကားပြီးရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။


ဒီဇာတ်လမ်းတွဲကို ၂၀၁၉ ခုနှစ်အစောပိုင်းမှာရိုက်ကူးထုတ်လွှင့်သွားမှာဖြစ်ပြီး  ဒါရိုက်တာကတော့ Exo D.O ပါဝင်သရုပ်ဆောင်ထားတဲ့ ‘100 Days My Prince’ ရဲ့ ဒါရိုက်တာလီဂျွန်ဂျေး ကပဲရိုက်ကူးထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

ဆောင်းဂျေတစ်ယောက် Goblin ကားပြီးကတည်းက ဇာတ်လမ်းတွဲတွေမရိုက်ဖြစ်ခဲ့တာ တစ်နှစ်ကျော်နီးပါးရှိခဲ့ပါပြီ။ သူပါဝင်တဲ့ idol အဖွဲ့ BtoB နဲ့အတူသီချင်းတွေကိုပဲ ဆက်တိုက်လုပ်နေခဲ့တာပါ။


နှစ်သစ်မှာ ဇာတ်လမ်းတွဲအသစ်နဲ့ ပြန်လာတော့မယ့် ဆောင်းဂျေကို ဇာတ်လမ်းတွဲချစ်တဲ့ပရိတ်သတ်ကြီးလဲမျှော်နေမိမယ်ထင်ပါတယ်။  ဆောင်းဂျေကိုချစ်တယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့နဲ့ဦးနော်။



Follow us on