1. Home
  2. Football

PSG ကွင်းလယ်ကစားသမား ရာဘီရော့တ် ဘာစီလိုနာအသင်းနှင့် သဘောတူညီမှုရရှိ

Football ธ.ค. 19, 2561 view 1,721

PSG အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့တဲ့ အသင်းမှကွင်းလယ်လူ အက်ဒရီယန်ရာဘီရော့တ်တယောက်လာမယ့်ဇန်နဝါရီဈေးကွက်ဖွင့်ချိန်မှာဘာစီလိုနာအသင်းကိုပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကြောင်း PSG အသင်းဘက်က တရားဝင်အတည်ပြုပေးသွားခဲ့ပါတယ်။


ရာဘီရော့တ်ဟာ PSG အသင်းနဲ့ ခုနှစ်ဘောလုံးရာသီကုန်ရင် စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အသင်းက နောက်ထပ် စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့် အသင်းကရာသီကုန်အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခံမယ့်အစား ဇန်နဝါရီဈေးကွက်မှာပဲ ရောင်းချဖို့ ဆုံးဖြတ်ခဲ့တာပါ။


သူ့ကိုဘာစီလိုနာ အသင်းနဲ့အပြိုင် ချယ်လ်ဆီးအသင်းကလည်းစိတ်ဝင်စားနေပေမယ့် ရော့ဘီရော့တ်ကိုယ်တိုင်က စပိန်ကို ပြောင်းရွှေ့ကစားချင်နေတာကြောင့် ဘာစီလိုနာအသင်းကို ရွေးချယ်ခဲ့တာပါလို့ ကစားသမားနဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူက ထုတ်ပြောသွားခဲ့ပါတယ်။



Follow us on