1. Home
  2. Movie Stars - Celebrity

ဟက်ပီးဘက်ဒေးပါ ကိုကိုဆိုပြီး မွေးနေ့ဆုတောင်းပေးလိုက်တဲ့ နေခြည်ဦး

Movie Stars - Celebrity ธ.ค. 19, 2561 view 1,856

Beauty Blogger တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေကြားရေပန်းစားနာမည်ကြီးလာသူလေး နေခြည်ဦးကတော့ အချိန်တိုလေးအတွင်း အောင်မြင်မှုတွေကိုရရှိလာသူဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သလို သူမရဲ့နေထိုင်မှုဘ၀ပုံစံကိုလဲ အရှိကိုအရှိအတိုင်း ချပြတတ်သူလေးမို့ ပရိသတ်တွေက ချီချီဆိုပြီး သဲသဲလှုပ်ဝန်းရံနေကြတာပဲဖြစ်ပါတယ်။ မကြာခဏဆိုသလိုလဲ အွန်လိုင်းသုံးစွဲသူတွေကြား ဂယက်အကြီးကြီးတွေထအောင် လုပ်နိုင်စွမ်းရှိတဲ့ချီချီကတော့ မလိုသူတွေရဲ့ တိုက်ခိုက်မုန်းတီးခြင်းကိုလဲ များစွာခံရသူပါ…



ဘယ်လိုပင် သူမကိုတိုက်ခိုက်ကြပါစေ သူမကိုချစ်တဲ့ Chillies တွေကြောင့် အမြဲပျော်ရွှင်လန်းဆန်းနေတဲ့ နေခြည်ဦးကတော့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ Happy Birthday ပါကိုကို ဆိုပြီး Birthday wish လေးတစ်ခုကို လုပ်ပေးထားတာကိုတွေ့ရပါတယ်။



ချီချီရေးထားတာကတော့ “Happy Birthday ပါကို…. ကို့ဘဝလေး ပျော်ရွှင်ပါစေ။ ကိုက public ချမပြနဲ့ပြောထားတာ သိပေမယ့်လည်း ကို့ မွေးနေ့မှာတော့ မွေးနေ့ဆုတောင်းလေး တောင်းပေးချင်လို့ပါ။ ချစ်တဲ့ ချီ” ဆိုပြီး မွေးနေ့ရှင်နဲ့အတူတူတွဲရိုက်ထားတဲ့ ပုံတွေကိုပါတင်ထားတာပဲဖြစ်ပါတယ်။ ထိုပို့စ်လေးကြောင့် ပရိသတ်တွေအကြား ရည်းစားနဲ့ပြတ်ထားတာမကြာသေးတဲ့ ချီချီတစ်ယောက် နောက်တစ်ယောက်တွေ့နေပြီလားဆိုတဲ့ ထင်မြင်ချက်တွေပါ ထွက်ပေါ်လာခဲ့ပါတယ်။ ရေးသားပြီးမကြာခင်မှာပဲ ချီချီတစ်ယောက် ထိုပို့စ်လေးကို ပြန်ဖျက်သွားခဲ့ပါတယ်။



အမှန်တကယ် ချီချီမွေးနေ့ဆုတောင်းပေးထားတာကတော့ ချီချီရဲ့ ခင်မင်ရတဲ့သူငယ်ချင်းလေးပဲဖြစ်ပါတယ်။ သူငယ်ချင်းရဲ့မွေးနေ့ကို ချီချီက ကိုကိုဆိုပြီး စနောက်ရေးသားထားတာပဲဖြစ်ပါတယ်။ ထိုပို့စ်လေးရဲ့အောက်မှာတော့ အဆိုတော်အိမ့်ချစ်ကပါ “လာမလုပါနဲ့နော်… သူက တို့နဲ့အရင်ပါ… အမွှေစိန်ပေါ့” ဆိုပြီး ကောမန့်ဝင်ပေးထားက နေခြည်ဦးက “ဟာ မနော်… တို့ အဲ့တာတွေ မသိခဲ့ဘူး” ဆိုပြီး ပြန်လည်စနောက်ရေးသားလိုက်ပါတယ်။ ချီချီကတော့ အထင်တွေလွဲအောင် အမွှေစိန်လေးလုပ်လိုက်ပြန်ပြီနော်…





Follow us on