1. Home
  2. Movie Stars - Celebrity

တောင်ကိုးရီးယားနိုင်ငံအတွက် ပြည်ပဝင်ငွေအများဆုံးရှာပေးတဲ့ BTS

Movie Stars - Celebrity ธ.ค. 19, 2561 view 1,647

တောင်ကိုးရီးယားနိုင်ငံရဲ့ ရေပန်းစားလူငယ်တေးဂီတအဖွဲ့ BTS ဟာ ဒေါ်လာသန်းပေါင်း ၃၆၀၀ ကျော်လောက်ကို တိုင်းပြည်စီးပွားရေးအတွက် တစ်ဖက်တစ်လှမ်းကအထောက်အကူပြု ရှာဖွေပေးနေတာဖြစ်ပါတယ်။


အလယ်အလတ်တန်းစားခရီးသွားအေဂျင်စီ ကုမ္ပဏီငယ်လေးတွေကို စစ်တမ်းကောက်ယူခဲ့တဲ့အခါမှာတော့ တောင်ကိုးရီးယားကိုလာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားတွေဟာ BTS ကြောင့် လာရောက်လည်ပတ်တယ်လို့သိရပါတယ်။ Hyundai လူမှုရေးသုတေသီတွေက ၂၀၁၇ ခုနှစ်မှာတောင်ကိုးရီးယားကိုလာရောက်လည်ပတ်သူ အများစုဟာ BTS ကိုတွေ့ဖို့လာရောက်ကြတာဖြစ်ကြောင်းတွေ့ရတယ်လို့ဆိုပါတယ်။


BTS သူတို့ရဲ့ ယောင်္ကျားပီသတဲ့ဟန်ပန်၊ တစ်မူထူးခြားတဲ့ အကစတိုင်၊ Hip Hop စတိုင် လူငယ်ဆန်တဲ့ vibe တွေနဲ့ လွတ်လပ်ပေါ့ပါးမှုကိုပေါ်လွင်စေတဲ့ သီချင်းတွေကြောင့် လူကြိုက်များလာ့ပါတယ်။


နာမည်ကြီး Entertainment ကျောထောက်နောက်ခံမရှိတဲ့ BTS ဟာ K-pop လောကကို ဝင်ဝင်ချင်း အခက်အခဲပေါင်းများစွာရှိခဲ့ပါတယ်။ သူတို့ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ်တိုင်တက်လာတာဖြစ်ပြီးသီချင်းများကိုလဲ ကိုယ်တိုင်ရေးသားတီးခတ်ကြသူများဖြစ်ပါတယ်။


၂၀၁၃ ခုနှစ်မှာစတင်ပွဲဦးထွက်ခဲ့ပြီး ဒီလိုအောင်မြင်မှုသရဖူကိုဆောင်းနိုင်ဖို့ နှစ်တွေအကြာကြီး ကြိုးစားနေခဲ့သူတွေပါ။ ၂၀၁၆ မှာထွက်ရှိခဲ့တဲ့ Fire သီချင်းနဲ့ လုံးဝအပေါက်ဖြစ်ခဲ့တာပါ။ အခုအချိန်မှာတော့ Army လို့ ခေါ်တဲ့ ကမ္ဘာတစ်ဝှမ်းလုံးက ပရိတ်သတ်တွေကိုလဲ အခိုင်အမာရရှိထားတာဖြစ်ပါတယ်။


ပြီးတော့ BTS ဟာ တောင်ကိုးရီးယားရဲ့ ပထမဦးဆုံး ဟောလိဝုဒ် Billboard Music Awards မှာ Social Artist ဆုကို ၂၀၁၇ နဲ့ ၂၀၁၈ နှစ်နှစ်ဆက်တိုက်ဆွတ်ခူးရယူခဲ့ပါတယ်။


၂၀၁၈ အစောပိုင်းမှာလဲ US album charts မှာတောင်ကိုးရီးယားရဲ့ ပထမဦးဆုံး boy band အနေနဲ့ top 10 နေရာချိတ်ခဲ့ပါတယ်။

BTS ဟာဒီလိုဟောလိဝုဒ်ကိုပါ လွှမ်းမိုးထားနိုင်တာကြောင့် ဒါကတောင်ကိုးရီးယားကို ကမ္ဘာလှည့်ခရီးသွားတွေစိတ်ဝင်စားလာစေတဲ့ အဓိကအချက်ဖြစ်လာစေပါတယ်။ အနောက်နိုင်ငံတွေကနေ တောင်ကိုးရီးယားကထုတ်လုပ်တဲ့ အလှကုန်ပစ္စည်း၊ အဝတ်အထည်တို့ကို export တင်သွင်းလာကြတယ်လို့ဆိုပါတယ်။


ပြီးခဲ့တဲ့နှစ် ၂၀၁၇ မှာ BTS ကြောင့်တောင်ကိုးရီးယားကိုလာရောက်လည်ပတ်တဲ့ ဧည့်သည်ပေါင်း ၈ သိန်းခန့်ရှိတယ်လို့ သုတေသီတွေကဆိုလာပါတယ်။ ပုံမှန်သတ်မှတ်ထားတဲ့ နိုင်ငံခြားသားဧည့်သည်ဝင်တဲ့ နှုန်းတဲ့ ၇ ရာခိုင်နှုန်း တိုးမြှင့်လာတာဖြစ်ပါတယ်။ Export အနေနဲ့လဲသူတို့သုံးတဲ့ cosmetics ၊ BTS နဲ့ ပတ်သတ်ပြီး ထုတ်လုပ်ထားတဲ့ accessories တွေကိုအများဆုံးတင်သွင်းလာကြတယ်လို့သိရပါတယ်။


အကယ်၍ BTS သာသူတို့ရဲ့ အောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းထားမယ်ဆိုရင် တောင်ကိုးရီးယားနိုင်ငံရဲ့ စီးပွားရေးဟာ နောင်ဆယ်နှစ်မှာ ကိုးရီးယားဝမ် 41.8 trillion လောက်ချမ်းသာလာနိုင်တယ်လို့ ဆိုထားပါတယ်။



Follow us on