1. Home
  2. Movie Stars - Celebrity

အသက်အငယ်ဆုံး သန်းကြွယ်သူ​ဋ္ဌေးမဖြစ်လာတဲ့ Kylie Jenner

Movie Stars - Celebrity ธ.ค. 19, 2561 view 1,514

Kylie Cosmetics ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ Kylie Jenner ဟာအသက်အငယ်ဆုံးသန်းကြွယ်သူ​ဋ္ဌေးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ Kylie ဟာ Kylie Cosmetics ကို 2015 ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ထိုအချိန်တုန်းက သူမ အသက် ၁၈ နှစ်မျှသာရှိပါသေးတယ်။


Kylie Cosmetics ကိုမတည်ထောင်ခင် 2012 ခုနှစ်မှာ PacSun Clothing Brand အောက်မှာ အစ်မဖြစ်သူ Kendell Jenner နဲ့ပူးပေါင်းပြီး Kendell&Kylie ဆိုတဲ့ Clothing brand တစ်ခုထွက်ခဲ့ပါတယ်။


ထိုအချိန်တုန်းက Kylie ကအသက် ၁၅ နှစ်၊ Kendell ကအသက် ၁၇ နှစ်သာရှိပါသေးတယ်။ ဆယ်ကျော်သက်အရွယ်မှာတောင် လုပ်ငန်းတစ်ခုကို ဦးစီးနိုင်ပြီဖြစ်တဲ့ သူမတို့နှစ်ယောက်ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဆယ်ကျော်သက်မိန်းကလေးများရဲ့ role model ဖြစ်လာပါတော့တယ်။


ယခုအချိန်မှာတော့ Kylie ကအသက် ၂၁ နှစ်ရှိပြီဖြစ်ပြီး သူမရဲ့ ငွေကြေးပိုင်ဆိုင်မှုက ပိုမြင့်မားလာပြီး Forbes Magazine နှစ်စဉ်ဖော်ပြလေ့ရှိတဲ့ အချမ်းသာဆုံးထင်ပေါ် ကျော်ကြားသူ (၅) ဦးမှာ သူမက အဆင့် (၅) နေရာချိတ်ခဲ့ပါတယ်။


သူမအရှေ့မှာ ရုပ်ရှင်ဒါရိုက်တာ Gorge Lucas က ဒေါ်လာ ၅.၄ဘီလီယမ်၊ Steven Spielberg က ဒေါ်လာ ၃.၇ဘီလီယမ်၊ Oprah Winfrey က ဒေါ်လာ ၂.၈ ဘီလီယမ်၊ ဘက်စကတ်ဘောကစားသမား Micheal Jordan က ဒေါ်လာ ၁.၇ ဘီလီယမ် အစရှိသဖြင့် နံပါတ် ၁၊ ၂၊ ၃၊ ၄ နေရာတွေကိုအသီးသီးချိတ်ခဲ့ကြပါတယ်။ Kylie ကတော့ ဒေါ်လာ ၉၀၀ မီလီယမ်နဲ့ နံပါတ် (၅) နေရာချိတ်ခဲ့တာဖြစ်ပါတယ်။


Kylie ဟာ ပြီးခဲ့တဲ့ ၂၀၁၈ သြဂုတ်လမှာတုန်းကလဲ Forbes Magazine ရဲ့ အသက်အငယ်ဆုံး လုပ်ငန်းရှင်အမျိုးသမီးအနေနဲ့ မဂ္ဂဇင်းမျက်နှာဖုံးမှာဖော်ပြခြင်းခံခဲ့ရပါတယ်။


Kylie ဟာအခုဆိုရင် Stormi လို့ခေါ်တဲ့သမီးလေးတစ်ယောက်ကို မွေးဖွားထားပြီးအဖေ ဘယ်သူလဲဆိုတာဖော်ပြခြင်းမရှိပဲ Single Mother တစ်ယောက်အနေနဲ့ ဘဝကို ကြံကြံခံ ရပ်တည်နေသူတစ်ယောက်ဖြစ်ပါတယ်။ သူမလိုအသက်အရွယ်နဲ့ စီးပွားရေးလုပ်ငန်းကိုလဲ ဦးဆောင်နေပြီး သမီးလေးအတွက်စံပြမေမေတစ်ယောက်အဖြစ် ရပ်တည်နေတာ တကယ်ကိုလေးစာစရာပါပဲ။



Follow us on