1. Home
  2. Movie Stars - Celebrity

မေမေ့အကျီင်္တွေယူဝတ်ပြီး အပြိုင်အဆိုင်ပဲပေးနေကြတဲ့ ခေတ်နဲ့သစ်

Movie Stars - Celebrity ธ.ค. 21, 2561 view 1,632

အဆိုတော်လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့ သမီးအမွှာလေးနှစ်ယောက်ကတော့ ပရိသတ်တွေသာမက အနုပညာအသိုင်းအ၀ိုင်းက သဲသဲလှုပ်ချစ်ကြရတဲ့ အချစ်တော်လေးတွေဖြစ်ပါတယ်။ အသဲကျော် သမီးလေးနှစ်ယောက်ကို အားလုံးကတုန်နေအောင်ဝိုင်းချစ်ပေးကြတဲ့အတွက်ကြောင့်လည်း ဖေဖေ၊



မေမေချစ်သုဝေက သမီးလေးတွေရဲ့ဓာတ်ပုံနဲ့ ချစ်စရာဗီဒီယိုလေးတွေကို ပရိသတ်တွေအလွမ်းပြေအဖြစ် မကြာမကြာ လူမှုကွန်ယက်ပေါ်ကနေ မျှဝေပေးလေ့ရှိပါတယ်။ သမီးလေးတွေရဲ့ ဗီဒီယိုလေးတွေတင်တိုင်း ကြည့်ရှုသူပေါင်းသိန်းချီရှိအောင် အားပေးသူပရိသတ်တွေများနေချက်ကတော့ ဖေဖေ၊ မေမေတို့ထက်တောင် သာသွားပြီလို့ဆိုရမှာပါပဲနော်....



မျက်စိရှေ့တင် စကားအတော်တတ်၊ အလွန်လည်နေပြီဖြစ်တဲ့ ခေတ်နဲ့သစ်ကတော့ ဒီတစ်ခါမှာလဲ မေမေထရီဇာရဲ့အကျီင်္တွေကိုယူဝတ်ပြီး အပြိုင်အဆိုင်ပဲပေးနေကြတာပါ... မှန်ကြည့်လိုက် ပဲပေးလိုက်လုပ်နေတဲ့ သမီးလေးတွေရဲ့ပုံတွေက ချစ်စရာကောင်းလွန်းတာမို့ ချစ်သုဝေကလဲ ပရိသတ်တွေအတွက် အလွမ်းပြေမျှဝေပေးထားတာပဲဖြစ်ပါတယ်။ ခေတ်တုတ်လေးနဲ့ သစ်တုတ်လေးတို့ ဘယ်လိုပဲပေးပြီး ဓာတ်ဖမ်းထားလဲဆိုတာ ပုံလေးတွေကို တစ်ချက်ရှိုးလိုက်ဦးနော်...








Follow us on