1. Home
  2. Special or Others

ရေဝေးကို အသုဘလိုက်ပို့တဲ့ကားများကို ဆိုင်ကယ်သမားတစ်စု ခြိမ်းခြောက်ငွေညှစ်

Special or Others ธ.ค. 21, 2561 view 1,679

ရန်ကုန်မြို့မှာရှိတဲ့ ရေဝေးသုဿန်ကို နားရေး အသုဘလာပို့ကြတဲ့ ကားတွေကို တမင်အလစ်ချောင်း ဂွင်ဆင်ပြီး ဆိုင်ကယ်သမားတစ်စု ပြဿနာရှာ မိုက်ကြေးခွဲ ခြိမ်းခြောက် ငွေညှစ်နေကြတဲ့အတွက် သတိထားကြဖို့ နှိုးဆော်လိုက်တဲ့သတင်း မကြာသေးမီရက်ပိုင်းအတွင်း လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။

မူရင်းရေးသားသူရဲ့ ဖော်ပြချက်အတိုင်း သတိပြုရှောင်ကျဉ်နိုင်ကြရန် ရည်ရွယ်၍ ပြန်လည်ဝေမျှလိုက်ပါတယ်။


ရေဝေးကို အသုဘလာပို့တဲ့ ကားတွေကို ဂွင်ဆင်ပြီး ပြဿနာရှာနေတဲ့ ဆိုင်ကယ်သမားတွေကို သတိထားကြပါ

ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၄ နာရီ၊ ဒီနေ့ (ည)ရပ်ကွက်က အသုဘချတာ ရေဝေးမှာ ဆိုင်ကယ်သမားက ကားကို ပြဿနာ ရှာတယ်။ ဝင်တိုက်တယ်ဆိုပြီး၊ ကားက ရပ်ထားတာ။

အဲ့ဒါ ဆိုင်ကယ်သမားက ကားပေါ်တက်ပြီး ကားသမားကို ပြဿနာရှာတယ်။ ကားပေါ်ပါလာတဲ့ လူကြီးတယောက်က အေးအေး ဆေးဆေး ဝင်ရှင်း ပေးတာကို အဲဒီဆိုင်ကယ်သမားက ခင်ဗျားနဲ့ ဘာဆိုင်လဲ ဆိုပြီး ထိုးချလိုက်တယ်။ ဒါကို မခံနိုင်တဲ့ ကားပေါ်ပါလာတဲ့ လူငယ်တွေက ရိုက်ကြတယ်။

ဆိုင်ကယ် သမားက ဆင်းပြေးသွားပြီး သူ့ လူ ၅ ယောက် သွားခေါ်ချလာတယ်။ အသုဘပို့တဲ့ လူတွေက အများကြီး ထွက်လာကြပြီး အေးအေးဆေးဆေးပြောပြတယ်။ ဒါလည်းမရဘူး မိုက်ရိုင်း စော်ကားကြတယ်။ ဆိုင်ကယ်ကို လျော်ကြေး ၃၀၀၀၀ ပေးမှရမယ် ဆိုပြီး မိုက်ကြေးခွဲတယ်။ ခင်ဗျားတို့ထဲက မိုက်တဲ့လူ ထွက်လာခဲ့ကြဆိုပြီး စိန်ခေါ်တယ်။

ဘာပြောကောင်းမလဲ ဝိုင်းပြီး ဗျင်းလိုက်တာ ၃ ယောက်က မှောက်ပြီး ၂ ယောက်က ထွက်ပြေးသွားတယ်။ နောက်မှ သိရတာက အဲ့ ရေဝေးဝင်းထဲမှာ အသုဘကားတွေ လာရင် အဲဒီလို ဂွင်ဆင်ကြတာတဲ့ ဒီကောင်တွေက။ သတိထားနိုင်အောင်တင်ပြလိုက်တာပါ။

သူတပါး အပူမီးဝိုင်းနေချိန်မှာ ဒီလိုကောင်မျိုးတွေ ဒီလိုလုပ်ကြတာ အင်မတန် ယုတ်ညံ့လွန်းတယ်ဗျာ။ ဆိုင်ကယ်နဲ့ တိုက်မိသလိုလုပ် တချို့က ပြဿနာမဖြစ် ချင်လို့ ၅၀၀၀/ ၁၀၀၀၀ ပေးလိုက်ကြတယ်။

ရမှန်းသိလို့ ပိုပြီးအတင့်ရဲလာကြတယ်။ ရဲလည်း မသိတာလား သိသိကြီးလွှတ်ပေးထားတာလား ဆိုတာ သူတို့ဘာသာ သိပါလိမ့်မယ်။ တကယ်လို့ ပြီးပြီးရော ငွေပေးလိုက်ရင်ေ နာင်တောက်လျှောက် အဲဒီလို အောက်တန်းစားဆန်ဆန် အလုပ်မျိုးနဲ့ ငွေရှာ ပါလိမ့်မယ်။

သွားသမျှ အသုဘယာဉ်တန်းမှာ သံပိုက်လုံးသာ များများ ထည့်သွားပါလေ။

ဥပဒေသ – စည်းလုံးညီညာအောင်ကြောင်းဖြာ

Ko Mg via Kyawthu Minaung


ဟု ဖော်ပြထားပါတယ်။



Follow us on