1. Home
  2. Movie Stars - Celebrity

ပရိတ်သတ်ကြီးသောက်ဖို့ ‘ဆေးပေးလိုက်တယ်’ ဆိုတဲ့ ခါရာ

Movie Stars - Celebrity ธ.ค. 21, 2561 view 1,983

လက်တလော နာမည်ကြီးခဲ့တဲ့ မနေ့ကဖြစ်သည်(၂) ထဲမှာ ရဲမှူးဇာတ်ရုပ်နဲ့ ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသားခါရာဟာဆိုရင် မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ မိန်းမပျိုလေးတွေရဲ့ အသည်းနှလုံးကိုလှုပ်ကိုင်နိုင်စွမ်း ရှိတဲ့သူတစ်ယောက်မဟုတ်ပါလား။

 

ခါရာဟာသူ့ရဲ့ တောင့်တင်းတဲ့ ခန္ဓာကိုယ်၊ တည်ကြည်ခန့်ညားတဲ့ရုပ်ရည်တို့ကြောင့် မိန်းကလေးလူငယ်ပရိတ်သတ်တွေရဲ့ ဝန်းရံခြင်းကိုခံနေရသူတစ်ဦးပါ။


ဒီလို ပျိုမေလေးတွေရဲ့ အသဲစွဲ မင်းသားခါရာဟာအနုပညာရှင်တွေအများဆုံးထွက်တယ်လို့ ပြောလို့ရတဲ့ မိုးကုတ်မြို့က မိုးကုတ် အနောက်ပိုင်းသားလေးပါ။


ထွန်းအိန္ဒြာဗိုလ်၊ ထက်ထက်မိုးဦး၊ ဖွေးဖွေး၊ ဝတ်မှုန်ရွှေရည်၊ အစရှိတဲ့ နာမည်ကြီးမင်းသမီးတွေကလဲမိုးကုတ်ကဖြစ်ပါတယ်။ တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ မင်းသားကြီးရီဝေယံကလဲမိုးကုတ်ကပဲဖြစ်ပြီး ပြောရမယ်ဆိုရင် မိုးကုတ်ကမင်းသားထက် မင်းသမီးကပိုများတယ်လို့ ပြောလို့ရပါတယ်။ ဒါ့အပြင် မင်းသား ရီဝေယံနဲ့ မင်းသမီးတွေက မိုးကုတ်မြို့ အရှေ့ပိုင်းကလူတွေဖြစ်ပြီး ခါရာကတော့ မိုးကုတ်အနောက်ပိုင်းကပါ။


 မိုးကုတ်မြို့အနောက်ပိုင်းသားလေး ခါရာက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ပရိတ်သတ်ကြီးအတွက် ဆေး ပေးလိုက်တယ်လို့ ပို့စ်တင်ခဲ့ပါတယ်။ ထိုပို့စ်မှာ share post ဖြစ်ပြီး ခါရာကသူပါဝင်သရုပ်ဆောင်ထားတဲ့ Youtube ကသီချင်း MTV တစ်ပုဒ်ကို share ခဲ့ပါတယ်။


ဒီသီချင်းလေးကိုသီဆိုသူကတော့ တစ်ချိန်ကအောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်ကော်နီ ဖြစ်ပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ဟာအဆိုတော်ကော်နီရဲ့ မွေးနေ့ဖြစ်တဲ့အတွက် မွေးနေ့လက်ဆောင်အနေနဲ့ သူမရဲ့ ‘ဆေး’ လို့အမည်ရတဲ့သီချင်းတစ်ပုဒ်ကို Connie Official Myanmar Youtube Channel မှာတင်ပေးခဲ့တာဖြစ်ပါတယ်။


သီချင်းလေးက အလွမ်းအဆွေးသီချင်းလေးဖြစ်ပြီး အခုလိုချမ်းအေးလှတဲ့ ဆောင်းရာသီအချိန်မှာ feel လို့အရမ်းကောင်းတဲ့ သီချင်းလေးပါ။ ပရိတ်သတ်ကြီးချစ်တဲ့ မင်းသားခါရာကလဲအားဖြည့်သရုပ်ဆောင်ထားတော့ သီချင်းလေးက ပိုပြီးအသက်ဝင်သွားပါတယ်။ အားလုံးပဲ ကော်နီ ရဲ့ ‘ဆေး’ သီချင်းလေးကို ခံစားနားဆင်ကြည့်လိုက်ကြပါဦး။




Follow us on