1. Home
  2. Special or Others

Facebook သုံးရတာ ပျင်းလာရင် ဗဟုသုတရအောင် ဒီဝက်ဆိုဒ် တွေမှာ ပညာရှာမယ်

Special or Others ธ.ค. 21, 2561 view 1,677
အင်တာနက်ဆိုတာ သုံးတတ်ရင်တော့ ရတနာသိုက်ကြီးပေါ့... အင်တာနက် သုံးရတာ အကျိုးမရှိဘူးလို့ ခံစားမိနေသလား … တစ်ချိန်လုံး ဖေ့စ်ဘွတ်ခ် နယူးစ်ဖိ(ထ်)ပေါ်မှာပဲ နေပြီး အလဟဿ အချိန်ဖြုန်းနေတယ်လို့ပဲ ထင်နေတာလား။ ဒါဆိုရင်တော့ အင်တာနက်ဆိုတာ အကျိုးရှိရှိ အသုံးချတတ်ရင် တကယ်ကောင်းတဲ့အရာလို့ပဲ ပြောပါရစေနော်။ ယူတတ်ရင် ပညာတွေရမယ့် ဝက်ဘ်ဆိုက်တွေဆိုတာလည်း အများကြီးပါပဲလို့။ ဟိုဟိုဒီဒီ ဝက်ဘ်ဆိုက်တွေ အများကြီး ရှိပေမဲ့ တကယ် အကျိုးအရှိဆုံးဖြစ်စေမယ့် ဝက်ဘ်ဆိုက်တွေကိုပဲ ဦးစားပေးပြောသွားမယ်နော်။
 
၁။ BRITISH COUNCIL
https://learnenglishteens.britishcouncil.org/
British Council ဆိုတာက တစ်ကမ္ဘာလုံးက အင်္ဂလိပ်စာလေ့လာကြတဲ့သူတွေအတွက် ကြီးမားလှတဲ့ အွန်လိုင်း စာကြည့်တိုက်ကြီးတစ်ခုပါ။ များပြားပြီး စုံလင်လှတဲ့ အင်္ဂလိပ်စာသင်ခန်းစာတွေ၊ ဗီဒီယိုသင်ခန်းစာတွေအပြင် ကိုယ့်ရဲ့အင်္ဂလိပ်စာ လယ်ဗယ်ကိုလည်း စစ်လို့ရသေးတဲ့ အွန်လိုင်းစာမေးပွဲလည်း ရှိပါသေးတယ်။ ကိုယ့်ရဲ့အချိန်တွေကို ဒီဝက်ဘ်ဆိုက်မှာ သုံးလိုက်ရုံနဲ့ ရလာမယ့် ဗဟုသုတတွေ၊ စာတွေက မနည်းမနောပါပဲနော်…
 
၂။ Open Library
https://openlibrary.org/
ပုံမှန်ဆို ဝင်ဒီက ebook တွေ အခမဲ့ ဒေါင်းလုတ်ဆွဲတာကို အားမပေးပေမဲ့ အင်္ဂလိပ်စာအုပ်တွေကကျ ဈေးကြီးတယ်မလား။ ဈေးကြီးလို့ မဝယ်ဖြစ်လို့ စာမဖတ်လိုက်ရတာမျိုး မဖြစ်ရအောင် ရှာပေးထားပါတယ်လို့။ Open Library မှာ သိန်းနဲ့ချီတဲ့ ebook တွေ အများကြီးရှိပါတယ်။ ဒါ့အပြင် သူက Good Read နဲ့ပါ ချိတ်ထားတော့ ဖတ်ချင်ပြီး လောလောဆယ်မဖတ်ဖြစ်တဲ့ စာအုပ်တွေရှိရင်လည်း သိမ်းထားလို့ရတယ်လေ။ စာရေးဆရာနာမည်တွေ၊ စာအုပ်နာမည်တွေကို အလွယ်တကူ ရိုက်ရှာလို့လည်း ရသေးတော့ အဆင်ပြေတာပေါ့။ Sign Up လုပ်ထားရုံနဲ့ စာအုပ်တွေ အများကြီးကို ဖတ်ခွင့်ရမယ့် အခွင့်အရေးပါနော်။
 
၃။ Freepik
https://www.freepik.com/
ပုံမှန်ဆို ပုံတွေကို Google ကနေပဲ ယူသုံးတယ်မလား။ Google က ပုံတွေကို ယူသုံးတာက ပုံတွေမှာ Copyright ရှိတဲ့အတွက် တကယ်ကို အန္တရာယ်ရှိပါတယ်။ ဒီလိုဆို ပုံတွေ မရှာရတော့ဘူးလား… ဒါလည်း မဟုတ်ပါဘူးနော်။ Freepik ဆိုတာက သူ့ရဲ့ဝက်ဘ်ဆိုက်ကပုံတွေကို စီးပွားရေးအတွက်ပဲဖြစ်ဖြစ် ကြိုက်သလို ယူသုံး၊ copyright မရှိဘဲ စိတ်ကြိုက် ယူသုံးခွင့်ရှိတဲ့ website တစ်ခုပါပဲ။
 
https://www.behance.net/
၄။ Behance
ပုံတွေအကြောင်းပြောရင်းနဲ့ နောက်ထပ် ဝက်ဘ်ဆိုက်လေးတစ်ခုအကြောင်း ပြောရဦးမယ်။ ဒီစာကို ဖတ်နေတဲ့အထဲမှာ ပုံတွေအကြောင်း လေ့လာနေတဲ့ သူတို့လည်း ပါရင်ပါနေမှာပေါ့နော်။ ပုံတွေ၊ ဒီဇိုင်းတွေကို လေ့လာနေတဲ့ တို့အတွက် Behance က အကောင်းဆုံး ဝက်ဘ်ဆိုက်တစ်ခုပါပဲလို့။ ထောင် သောင်းချီနေတဲ့ ပုံတွေက အိုင်ဒီယာတွေရော ဗဟုသုတတွေရော ပေးနိုင်မှာ အသေအချာပါပဲနော်။
 
၅။ Lost Footsteps
https://lostfootsteps.org/my/
Lost Footsteps ရဲ့ မြန်မာအခေါ်အဝေါ်က အမေ့ခံအတိတ်ပါ။ ဒီဝက်ဘ်ဆိုက်ကို တည်ထောင်သူကလည်း မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ Thant Myint-U (ဦးသန့်မြင့်ဦး) ပါ။ ဒီမှာဆိုရင် မြန်မာ့သမိုင်းတင်မက ကမ္ဘာ့သမိုင်းကိုပါ မြန်မာဘာသာနဲ့ရော အင်္ဂလိပ်ဘာသာနဲ့ပါ ဖတ်လို့ရမှာပါ။ မြန်မာ့သမိုင်းဆိုရင်လည်း ပုံအထောက်အထားတွေနဲ့ပါ ရေးထားတာကိုလည်း တွေ့ရဦးမှာလေ။ သမိုင်းကိုမှ စိတ်ဝင်စားတတ်တဲ့ ယောင်းတို့အတွက် လေ့လာစရာအကောင်းဆုံး ဝက်ဘ်ဆိုက်ဆိုရင်လည်း မမှားပါဘူးနော်။
 
(ပိုပိုလေး)


Follow us on