1. Home
  2. Movie Stars - Celebrity

ဖခင်ဆီက တန်ဖိုးကြီးဂုဏ်ပြုလက်ဆောင်ရလိုက်တာကြောင့် အပျော်လွန်သွားတဲ့ ချီချီ

Movie Stars - Celebrity ธ.ค. 21, 2561 view 1,460

အွန်လိုင်းသုံးစွဲသူတွေနဲ့ ဆိုရှယ်မီဒီယာတစ်ခွင်မှာ ဂယက်ထအောင်အလုပ်နိုင်ဆုံးသူတွေထဲက တစ်ယောက်ဖြစ်တဲ့ နေခြည်ဦးကတော့ ချစ်ခင်သူတွေများစွာရှိသလို ဝေဖန်မုန်းတီးသူတွေရဲ့ တိုက်ခိုက်ခြင်းကိုလဲ အမြဲမပြတ်ခံရသူဖြစ်ပါတယ်။ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့စကားပြောဟန်တွေနဲ့ အမြဲပြုံးပျော်နေတတ်တာကတော့ ချီချီရဲ့ပင်ကိုစတိုင်တစ်ခုပဲဖြစ်ပါတယ်။



Beauty Blogger တစ်ယောက်အဖြစ်နဲ့ ပရိသတ်တွေစတင်သိခဲ့တဲ့ နေခြည်ဦးကတော့ ရုပ်ရှင်သရုပ်ဆောင်အဖြစ်ပါ အနုပညာလောကထဲကိုဝင်ရောက်နေပြီပဲဖြစ်ပါတယ်။ လက်ရှိမှာရုပ်ရှင်ကားကြီး ၄ ကားကိုရိုက်ကူးပြီးသွားပြီဖြစ်တဲ့ နေခြည်ဦးရဲ့ ပထမဆုံးပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ “ရန်သူ” ရုပ်ရှင်ပင်ရုံတင်ပြသနေပြီပဲဖြစ်ပါတယ်။ သူမဘ၀ရဲ့မှတ်တိုင်တည်မယ့် ပထမဆုံးရုပ်ရှင်ကားကို တက်သစ်စသရုပ်ဆောင်လို့ပင်မထင်ရအောင် အကောင်းဆုံးသရုပ်ဆောင်ထားတာကြောင့် ပွဲဦးထွက်ရုပ်ရှင်မှာတင် ပရိသတ်ရဲ့တစ်ခဲနက်အားပေးမှုကိုရရှိခဲ့ပါတယ်။



နေခြည်ဦးရဲ့ဖခင်ဖြစ်သူကလည်း သမီးရဲ့အောင်မြင်မှုအတွက် ၀မ်းသာဂုဏ်ပြုတဲ့အနေနဲ့တန်ဖိုးကြီး နာရီကိုလက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။ သိန်း (၂၀၀) နီးပါးတန်ဖိုးရှိတဲ့ နာရီလက်ဆောင်ရလိုက်တာကြောင့် ချီချီတစ်ယောက်ဝမ်းသားမဆုံးဖြစ်လို့နေပါတယ်။ လက်ဆောင်ရလို့ပျော်ထာထက် ဂုဏ်ပြုလက်ဆောင်ပေးတဲ့ဖခင်ကြောင့် အရမ်းကိုပျော်ရွှင်မိကြောင်းကို သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားထားပါတယ်။



နေခြည်ဦးကတော့ “နာရီရလို့ ဝမ်းသာတာထက် ပထမဦးဆုံး ရုပ်ရှင်ကား ရန်သူ အတွက် ဂုဏ်ပြုလက်ဆောင်ပါ ဆိုတဲ့စကားက ပိုတန်ဖိုးရှိပါတယ် ဖေကြီးရယ်။ သမီး အရမ်းးကြိုက်တယ်။ I love you so so so so much” ဆိုကာ သူမရဲ့အပျော်တွေကို မျှဝေထားပြီး သူမနဲ့ထပ်တူ ၀မ်းသာရသူတွေရှိသလို မနာလိုဝေဖန်ပြောဆိုမှုတွေလဲရှိနေခဲ့ပါတယ်။ ချီချီကတော့ ကံကောင်းတဲ့မိန်းကလေးလို့ပဲပြောရမယ်နော်...



ချီချီဟာ စိမ်းလဲ့တင်အပန်းဖြေစခန်းပိုင်ရှင်ရဲ့ သမီးတစ်ယောက်ဖြစ်ပြီး မိသားစုဝင်တွေထဲမှာလည်း အကြီးဆုံးသမီးဖြစ်ပါတယ်။ ဒါ့အပြင် မိခင်ဖြစ်သူ အန်တီဆွေက နေခြည်ဦး အသက် (၃၀) ပြည့်တဲ့အခါ စိမ်းလဲ့တင်တစ်ခုလုံးကို လွှဲပေးမယ်လို့လဲဆိုထားပါသေးတယ်။ နေခြည်ကတော့ ကိုယ့်ဒူးကိုယ်ချွန်ကာ အောင်မြင်မှုကိုရယူထားတဲ့ ထက်မြတ်တဲ့မိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်။



Follow us on