1. Home
  2. Special or Others

ချိန်းပွဲထိုးသတ်စဉ် အလေးမချံပီယံ သေဆုံးသွားသဖြင့် MMA ကစားသမား ထောင်ကျ (ရုပ်သံ)

Special or Others ธ.ค. 24, 2561 view 1,910

ရုရှားနိုင်ငံမှ သိုင်းပေါင်းစုံ(MMA) ကစားသမားတစ်ဦးနဲ့ နိုင်ငံတော်အလေးမ ချံပီယံ တို့ လမ်းမပေါ်တွင် အလွတ်တန်း ချိန်းပွဲထိုးသတ်စဉ် MMA ကစားသမား၏ ကန်ချက်များဖြင့် အလေးမချံပီယံ သေဆုံးသွားခဲ့ပါတယ်။ အမှုကို တစ်နှစ်ကျော်ကြာ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် MMA ကစားသမားအား ထောင်ဒဏ် ၁၈ နှစ်ကျခံရန် တရားရုံးမှ ချမှတ်လိုက်သည်။

MMA ကစားသမား Anar Allakhveranov


၂၀၁၇ ခုနှစ် သြဂုတ်လတွင်းက အသက် ၂၆ နှစ်အရွယ် MMA ကစားသမား Anar Allakhveranov နဲ့ ၃၂ နှစ်အရွယ် အလေးမချံပီယံ Andrey Drachev တို့ နှစ်ဖက် အပေါင်းအသင်းများ ခြံရံပြီး Khaberovsk မြို့ လမ်းမပေါ်တွင် ချိန်းပွဲ ထိုးခဲ့ကြခြင်းဖြစ်သည်။


ရုပ်သံပါ ပုံရိပ်များအရ MMA ကစားသမား၏ ခြေကန်ချက်များ အလေးမချံပီယံ၏ ဦးခေါင်းကို ဆက်တိုက်ထိမှန်ခဲ့ပြီး အရုပ်ကြိုးပြတ် မြေပြင်ပေါ်လဲကျစဉ် MMA ကစားသမားက ဦးခေါင်းကို ဆက်တိုက်ထိုးခဲ့ခြင်းဖြစ်သည်။ ဘေးတွင်ခြံရံနေကြသော အပေါင်းအသင်းများ ဝင်ဆွဲမှ ရပ်သွားခဲ့သည်။

အလေးမချံပီယံ Andrey Drachev


သေဆုံးခဲ့သူ အလေးမချံပီယံ၏ သူငယ်ချင်းတစ်ဦး၏ ပြောဆိုချက်အရ MMA ကစားသမား Allakhveranov က အလေးမကစားနည်းကို ပုတ်ခတ်ပြောဆိုပြီး စိန်ခေါ်ခဲ့သဖြင့် Drachev က လမ်းပေါ်တွင် ချိန်းပွဲထိုးသတ်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။


ဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးနောက် ရဲများက MMA ကစားသမား Allakhveranov ကို ဖမ်းဆီးရန် လိုက်ရှာခဲ့ကြသည်။ နောက်ပိုင်းတွင် Allakhveranov က သူကိုယ်တိုင် ရဲထံမှာ အဖမ်းခံခဲ့ခြင်းဖြစ်သည်။ အမှုအတွက် တစ်နှစ်ကျော်ကြာစစ်ဆေးခဲ့ကြပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၀ (ကြာသပတေးနေ့)က ထောင်ဒဏ် ၁၈ နှစ်ကျခံရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Drachev သေဆုံးခဲ့ရမှုအတွက် Allakhveranov က သူ့အနေနဲ့ မိသားစုဝင်များကို တောင်းပန်ပါကြောင်း အခုလိုဖြစ်ဖို့ထိ ရည်ရွယ်ခဲ့ခြင်းမရှိပါကြောင်း တောင်းပန်ခဲ့ပါတယ်။ ကနဦးတွင် တရားရုံးက Allakhveranov ကို ဥပေက္ခာမဲ့စွာ လူသတ်မှုကျူးလွန်သူအဖြစ် ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခဲ့သော်လည်း သူ့ရဲ့ရှေ့နေ၏ လျှောက်လဲချက်ကြောင့် ထောင်ဒဏ် ၁၈ နှစ်အဖြစ် ပြောင်းလဲပြင်ဆင်ပေးခဲ့ခြင်းဖြစ်သည်။



Follow us on