1. Home
  2. Movie Stars - Celebrity

လူမသိ၊ သူမသိ ၅ နှစ်တာ တရားရင်ဆိုင်ခဲ့ရတဲ့ လူမင်း

Movie Stars - Celebrity ธ.ค. 24, 2561 view 1,827

ရုပ်ရှင်ပရိတ်သတ်တွေအကြား ဆယ်စုနှစ်တစ်ခုအထိအောင်မြင်နေတဲ့သရုပ်ဆောင်မင်းသားကြီး ကိုလူမင်းဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်က တရားစွဲဆိုခံခဲ့ရပါတယ်။ ဘယ်သူက ဘယ်လိုအကြောင်းကြောင့် တရားစွဲဆိုထားသလဲဆိုတာဖော်ပြခြင်းမရှိခဲ့ပါဘူး။


လူမင်းရဲ့ ပရိတ်သတ်တွေကလဲအနည်းနဲ့အများစိုးရိမ်ပူပန်နေကြပါတယ်။ လူမင်းဟာ ဗဟန်းမြို့နယ် တရားရုံးမှာ ပုဒ်မ (၃၄၁) မတရားပိတ်ပင်တားဆီးမှုကြောင့် တရားစွဲဆိုခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကတည်းက အမှုရင်ဆိုင်နေရတာဖြစ်ပြီး လက်ရှိ ၂၀၁၈ နှစ်ကုန်မှာ တရားရုံးက သရုပ်ဆောင်လူမင်းကို တရားစီရင်ချက်ချမှတ်လိုက်ပါပြီ။



ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာလူမင်းကို ဗဟန်းမြို့နယ်တရားရုံးက အမှုကနေ ကွင်းလုံးကျွတ်လွှတ်မြောက်သွားကြောင်း စီရင်ချက်ချမှတ်ခဲ့ပါတယ်။ ဒီအမှုဟာ ၂၀၁၃ ခုနှစ်ကတည်းကစတင်ခဲ့တာဖြစ်လို့ ၅ နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပြီး လူမင်းရဲ့ ဆိုင်မှာအလုပ်လုပ်တဲ့ ဝန်ထမ်းမိန်းကလေးတွေတောင် ကလေးတွေရကုန်ပါပြီ။ လူမင်းကလဲ သူအမှုကနေ ကွင်းလုံးကျွတ်လွတ်သွားခဲ့တာကို ဝမ်းသာတဲ့အနေနဲ့ လူမှုကွန်ယက် ဖေ့ဘွတ်ခ်စာမျက်နှာမှာ ပို့စ်တင်ပြီးရေးသားခဲ့ပါတယ်။



ပရိတ်သတ်ကြီးရော ထပ်ဆင့်အကယ်ဒမီများရှင် အန်ကယ်လူမင်းရဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုအားပေးကြဦးမယ်မဟုတ်လား? လူမင်းကို အားပေးတယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့ကြနဲ့ဦးနော်။



Follow us on