1. Home
  2. Myanmar News

ထိုင်နိုင်ငံက ကြံစိုက်ခင်ကြီးထဲ ပျောက်သွားတဲ့ မြန်မာကလေးငယ် အစနပျောက်ဆုံးနေဆဲ

Myanmar News ธ.ค. 24, 2561 view 1,795

ထိုင်းနိုင်ငံ ဆူဖန်ဘူရီခရိုင် အတွင်းက ဧကပေါင်းရာနဲ့ချီ ကျယ်ဝန်းတဲ့ ကြံတောထဲမှာ ဒီဇင်ဘာလ ၁၇ ရက်မနက်ကတဲက ပျောက်ဆုံးသွားခဲတဲ့နှစ်နှစ်သားအရွယ် မြန်မာခလေးငယ် ကို (၈)ရက်ကြာ ရှာဖွေနေကြဆဲဖြစ်ပြီး ဒီကနေ့အထိ မတွေ့ကြသေးပါဘူး။


ဒီကနေ့ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ရေငုတ်သမား ရှာဖွေရေးအဖွဲ့တွေဟာ ရေမှော်တွေပြည့်နေတဲ့ ကြံတောကြီးအနီးက ရေကန်ကို ရှင်းလင်းပြီး ရေငုတ်ရှာနေကြသလို၊ ရွာသားတွေ သတင်းပေးလာလို့ ကြံတောနဲ့ အနီးဆုံးက မင်္သကာတဲ့ အိမ်တစ်လုံးကို ရဲတပ်ဖွဲ့တွေက ဝင်ရောက်ရှာဖွေကြပါတယ်။

တဲငယ်အတွင်းမှာ အသက် (၅၀) အမျိုးသမီးတစ်ဦးသာ နေထိုင်နေတာတွေ့ရပါတယ်။ ထူးဆန်းတာက အိမ်းတွင်းမှာ ခလေးနတ်ရုပ်တွေ အများအပြားတွေ့ရပြီး ယောက်ျားဖြစ်သူ ပယောဂကု နတ်ဆရာဟာ သေဆုံးသွားတာ (၂)နှစ်ကျော်ပြီလို့ ဆိုပါတယ်။ လက်ရှိယူထားတဲ့ ယောက်ျားကတော့ ကြံကားမောင်းထွက်သွားနေတယ်လို့ သိရပါတယ်။

အိမ်ထဲမှာတော့ ပျောက်ဆုံးနေတဲ့ စိုးလေးဖြူရဲ့ သက်သေအထောက်အထောက်အထား တွေ မတွေ့ခဲ့ရပါဘူး။

စပျောက်တဲ့နေ့က စိုးလေးဖြူနဲ့ အတူ ကစားနေတဲ့ သုံးနှစ်သမီးလေးက စိုးလေးဖြူကို လူတဦးက ဖက်နမ်းပြီး ခေါ်သွားတယ်လို့သာ လူကြီးတွေကိုပြောနေပါတယ်။

(၃ နှစ် သမီးလေးစကားကတော့ ပြီးခဲ့တဲ့ ရက်က လက်ကြီးတခုပဲ ထွက်ပြီး မောင်လေးကို ခေါ်သွားတယ်လို့လည်းပြောပါတယ် )

ဖြစ်တဲ့နေ့က ကြံကားတစ်စီး အပြင်းမောင်းသွားတာကို ရွာသားတစ်ချို့က တွေ့လိုက်တယ်လို့ သိရတော့ ရဲတပ်ဖွဲ့က CCTV မှတ်တမ်းတွေလိုက်လံ စစ်ဆေးပေးနေပါတယ်။

ဆူဖန်ဘူရီ စစ်တပ်က ဗိုလ်မှူး အဖိနမ် ကတော့ ခလေးကိုတွေ့နိုင်ဖို့ အဖြစ်နိုင်ဆုံးနည်းလမ်းတွေ တပ်ဖွဲ့အင်အားနဲ့ စက်ပစ္စည်းတွေသုံးပြီး ကူညီရှာဖွေပေးနေပါတယ်။ ဘယ်နိုင်ငံသားခလေးပဲဖြစ်ပါစေ ဘေးကြုံလာရင် လူသားချင်း မိဘချင်း ကိုယ်ချင်းစာပါတယ် လို့ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

ကြံတောထဲမှာ စပါးအုံးမြွေတွေအောင်းနေတတ်လို့ မြွေမြိုသွားတာဖြစ်နိုင်တယ်လို့လဲ ထင်မြင်ချက်တွေ ပေးနေကြပါတယ်။

မိဘဖြစ်သူတွေကတော့ စိုးလေးဖြူ သူတို့သားလေး ဘာဖြစ်သွားတယ်ဆိုတာ အမှန်တိုင်း သိပါရစေ ..ဝိုင်းဝန်းကူညီကြတဲ့ သူတွေအားလုံးကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်။

စိုးလေးဖြူ ကို အမြန်ပြန်တွေ့ပါစေ။


သတင်းရင်းမြစ် - SAW



Follow us on