1. Home
  2. Special or Others

တရုပ်တွင် ရက်စက်စွာ ဝက်တုပ်ကွေး နှိပ်နင်းမှု ရုပ်သံ ဝေဖန်မှုမြင့်တက်နေ

Special or Others ธ.ค. 24, 2561 view 2,002

လောကငရဲဆိုတာ ၃၁ ဘုံသားတို့အတွက် သိပ်ကြောက်စရာ ကောင်းပါတယ်။

တရုပ်နိုင်ငံမှာ အာဖရိကဝက်တုပ်ကွေး ဖြစ်ပွားနေတာကြောင့် ဝက်မွေးမြူရေးခြံတွေက ဝက်တွေကို သုတ်သင်ရှင်းလင်းရာမှာ ဝက်ခြံပိုင်ရှင်တစ်ဦးရဲ့ ရက်စက်စွာ သုတ်သင်တဲ့ ရုပ်သံ၊ ဓါတ်ပုံတွေကြောင့် လူမှုကွန်ယက်အွန်လိုင်းပေါ်မှာ ဝေဖန်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

အနက် ၁၀ မီတာခန့်ရှိတဲ့ ကျင်းကြီးတစ်ခုကိုတူးပြီး ဝက်တွေကို ကျင်းထဲထည့်ကာ အရှင်လတ်လတ် မီးရှို့သုတ်သင်ခဲ့ပါတယ်။ ဝက်တွေရဲ့ နာကျင်စူးဝါးစွာ အော်ဟစ်သံက မြင်ရသူတိုင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်ခဲ့ပါတယ်။

ကျင်းထဲမှာ ကောက်ရိုးထုံးတွေ ထည့်ထားပြီး ကျင်းဝကနေ ဝက်တွေကို တစ်ကောင်ပြီးတစ်ကောင် အရှင်လတ်လတ် ပစ်ချခဲ့ပါတယ်။ ဝက်ကောင်ရေ ၁၀ ကောင်ထက်မနည်း ကျင်းထဲရောက်တဲ့အခါမှာ အပေါ်ကနေ မီးစပစ်ချပြီး မီးရှို့ခဲ့ခြင်းဖြစ်ပါတယ်။


အဆိုပါရုပ်သံရဲ့ နေရာနဲ့ ပြုလုပ်ခဲ့သူ မည်သူမည်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရှိရပါ။ အွန်လိုင်းပေါ်ကနေ ဝေဖန်သူအချို့ကလည်း ဝက်တွေ သေသွားပေမယ့် မြေဆီထဲမှာ ဗိုင်းရပ်စ်တွေ ပျံ့နှံ့သွားပြီး မြေအောက်လေထိတောင် ရောက်ကောင်းရောက်သွားနိုင်တယ်လို့ စိုးရိမ်မှုတွေလည်းရှိနေပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ ယခုလို တိရိစ္ဆာန်တွေအပေါ် စာနာစိတ်ကင်းမဲ့စွာ လုပ်ခဲ့တဲ့ လုပ်ရပ်ကတော့ အင်မတန် ထိတ်လန့်စရာကောင်းလှပါတယ်။



Follow us on