1. Home
  2. Football

နေအိမ်ဖောက်ထွင်းခံခဲ့ရတဲ့ PSG အသင်းနောက်ခံလူ သီယာဂိုဆေးလ်ဗား

Football ธ.ค. 24, 2561 view 1,541

PSG အသင်းနောက်ခံကစားသမား သီယာဂိုဆေးလ်ဗား ရဲ့ ပဲရစ်မြို့ကနေအိမ်ဟာ ပြီးခဲ့တဲ့ စနေနေ့က သူခိုးတွေရဲ့ ဖောက်ထွင်းခြင်းကို ခံခဲ့ရတယ်လို့သိရပါတယ်။ အဲ့ဒီနေ့က ဆေးလ်ဗား ဟာ ၎င်းရဲ့နေအိမ်မှာရှိမနေခဲ့ပဲ PSG-နန်တက်စ့် ပွဲစဉ်ကို ကစားနေချိန်မှာ အခုလို ဖော်ထွင်းဝင်ရောက်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။


သူခိုးတွေဟာ ဆေးလ်ဗား ရဲ့ နေအိမ်မှ ပေါင် ၉၀၀,၀၀၀ တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာတွေ ၊ နာရီတွေ ကိုခိုးယူသွားခဲ့ကြတယ်လို့သိရပါတယ်။ ပြင်သစ်ရဲတပ်ဖွဲ့ကတော့ ပြစ်မှုကျူးလွန်တဲ့သူတွေကို စုံစမ်းစစ်ဆေးနေပေမယ့် ဖမ်းဆီးရမိခြင်းမရှိသေးဖူးလို့တော့သိရပါတယ်။ အခုလို နေအိမ်ဖောက်ထွင်းတဲ့အဖြစ်အပျက်တွေဟာ ပဲရစ်မြို့မှာ မကြာခဏဆိုသလို ဖြစ်ပျက်နေလေ့ရှိပါတယ်။


PSG နည်းပြဟောင်း လက်ရှိအာဆင်နယ်အသင်းနည်းပြဖြစ်သူ အူနိုင်းအမ်မရီ လည်း ၂၀၁၇ ခုနှစ်တုန်းက PSG အသင်းကိုကိုင်တွယ်နေစဉ်မှာ ၎င်းနေထိုင်တဲ့ တိုက်ခန်းကို သူခိုးတွေရဲ့ ဖောက်ထွင်းဝင်ရောက်ခြင်းကို ခံခဲ့ရဖူးသလို နာမည်ကျော်မော်ဒယ် ကင်မ်ကာဒစ်ရှန် ရဲ့ ပဲရစ်မြို့ကနေအိမ်ဟာလည်း ၂၀၁၆ ခုနှစ်တုန်းက ဖောက်ထွင်းခံရကာပေါင် ၈ သန်းခန့်ရှိတဲ့ တန်ဖိုးကြီး ပစ္စည်းတွေခိုးယူ သွားခြင်းကို ခံခဲ့ရဖူးတယ်လို့ သိရပါတယ်။



Follow us on