မက္ကဆီကိုကလပ်သင်း တီဂျူအာနာအသင်းဟာ ပြီးခဲ့တဲ့ အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲမှာပရိသတ်တွေကို ကွင်းထဲဆင်းစေပြီး ဘရာဇီးလ်တိုက်စစ်မှူးနေမာရဲ့ ဒိုက်ဗင်ထိုးတဲ့ပုံစံကိုတုပထားတဲ့ဖြင့် ဖျော်ဖြေသွားခဲ့တယ်လို့ သိရပါတယ်။
တီဂျူအာနာအသင်းက ဒီဖျော်ဖြေရေးကို Ney Challenge လို့နာမည်ပေးခဲ့ပြီး၊ ကစားနည်းမှာ ပရိသတ်တွေဟာ ကွင်းလယ် စည်းနားကနေရယူပြီး ပြိုင်ပွဲစတာနဲ့ နေမာဒိုက်ဗင်ထိုးတဲ့ပုံစံအတိုင်း ကွင်းထဲမှာ လူးလှိမ့်ပြီး ဂိုးစည်းထိပ်ကိုသွားကြရတာပါ။ အစောဆုံးလှိမ့်ပြီးသွားနိုင်တဲ့သူက အနိုင်ရပြီး ဆုအဖြစ် ဘီယာနဲ့ကြက်ကြော်ကြွေးခဲ့တယ်လို့ သိရပါတယ်။ အဲ့ပြိုင်ပွဲမှာ ပရိသတ် ၁၀ ဦးထက်မနည်းပါဝင်ကစားခဲ့ပြီး၊ ပြိုင်ပွဲအကြောင်းရိုက်ကူးထားတဲ့ဗီဒီယိုကလစ်ဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ အထူးရေပန်းစားကာ Neymar challenge အဖြစ် တခြားအသင်းတွေကလည်း အဲ့ကစားနည်းကိုလိုက်လံတုပကစားကြဖို့ ရှိနေတယ်လို့သိရပါတယ်။
နေမာဟာ ပြီးခဲ့တဲ့ကမ္ဘာ့ဖလား ဆွစ်ဇာလန်နဲ့ပွဲမှာ ဆွစ်ဇာလန်ကစားသမားတွေရဲ့ ပြစ်ဒဏ်ကျူးလွန်မှုအောက်မှာ ကွင်းတွင်း ကွင်းပြင် လှိမ့်ကျပြီးပြစ်ဒဏ်ဘောတောင်းခဲ့တဲ့ ပုံစံတွေက အထူးကျော်ကြားခဲ့ပြီး၊ လှောင်ပြောင်စရာအဖြစ်သတ်မှတ်ကာ ပုံစံအမျိုးမျိုး စာသားအမျိုးမျိုးနဲ့ဝိုင်းဝန်းလှောင်ပြောင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း National Hockey League ပြိုင်ပွဲမှ S.J sharkie အသင်းကသူတိုအသင်းရဲ့ တွစ်တာအကောင့်ပေါ်မှာ သူတို့လာဘ်ကောင်အရုပ် (Mascot)ဟာ နေမာ ဒိုက်ဗင်ပုံစံ လူးလှိမ့်တဲ့ ဗီဒီယိုဖိုင်တင်ခဲ့ရာမှာ လူကြည့်များပြီး ပြန်ရှယ်သူ အတော်အများအပြားရှိခဲ့တယ်လို့သိရပါတယ်။