
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒီဇင်ဘာ ၂၄ (တနင်္လာနေ့)က အသက် ၆ နှစ်အရွယ် အမွှာမောင်နှမ နှစ်ဦးအား အတိတ်ဘဝက ချစ်သူဟောင်းများ လူပြန်ဝင်စားကြသည်ဟု မိဘနှင့် ဆွေမျိုးများက ယုံကြည်ပြီး မိတ်သင်္ဂဟများ ရှေ့မှောက်တွင် ခမ်းခမ်းနားနား လက်ထပ်ပွဲဆင်နွှဲခဲ့ကြသည်။

ထိုင်းမျိုးနွယ်စုအချို့တို့က ဒဏ္ဍာရီလာ ပုံပြင်ထဲက ရှင်သန်းခြင်းကို ကိုယ်စားပြုသော နဂါးနဲ့ သေဆုံးခြင်းရဲ့ နိမိတ် မီးလျှံငှက် တို့ဟာ ချစ်သူတွေဖြစ်ကြတယ်လို့ ယုံကြည်ထားကြပါတယ်။ ရှင်သန်းခြင်းဟာ နဂါးနဲ့ ကလေးတွေမှာ ပြန်လည်ဝင်စားနိုင်တယ်လို့ မှတ်ယူထားကြပါတယ်။

“ဂီတာ” နှင့် “ကီဝီ” အမည်ရှိတဲ့ ၆ နှစ်အရွယ် အမွှာမောင်နှမဟာ အတိတ်ဘဝက နဂါးနဲ့ မီးလျှံ ချစ်သူစုံတွဲများ ဖြစ်ခဲ့ကြပြီး ယခုဘဝမှာ လူအဖြစ်ပြန်လည်ဝင်စားတယ်လို့ မိဘနဲ့ ဆွေမျိုးအသိုင်းအဝိုင်းကပါ ယုံကြည်ကြတဲ့အတွက် အနာဂါတ်မှာ အစစအရာရာ ကံကောင်းခြင်းတွေ ရောက်လာဖို့ မိဘတွေကိုယ်တိုင် လက်ထပ်ပေးခဲ့ကြတာဖြစ်ပါတယ်။

ဖခင်ဖြစ်တဲ့ Amornsan Sunthorn Malirat (၃၁ နှစ်) နဲ့ မိခင်ဖြစ်သူ Phacharaporn (၃၀ နှစ်) တို့က ဒီကလေးတွေ လူလောကထဲကိုရောက်လာပြီး မကြာခင်မှာ လက်ထပ်ပေးရတော့မယ်ဆိုတာ ကြိုတင်သိရှိ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဒီမင်္ဂလာပွဲဟာ တရားဝင် မဟုတ်ခဲ့ပေမယ့် ဆွေမျိုးအသိုင်းအဝိုင်း၊ မိတ်ဆွေများကပါ တက်ရောက်ချီးမြှင့်ခဲ့ကြပြီး မင်္ဂလာဆောင်ထုံးစံအတိုင်း သတို့သားက သတို့သမီးကို ထိုင်းဘတ်ငွေ ၂၀၀,၀၀၀ နဲ့ တင်တောင်းခဲ့ပါတယ်။

အဲဒီနောက် မင်္ဂလာမောင်နှံနှစ်ဦး လက်ထပ်လက်စွပ်ကိုပါ တစ်ယောက်တစ်လှည့်ဝတ်ဆင်ပြီး မင်္ဂလာအနမ်းလည်း ပေးခဲ့ကြပါတယ်။ အဲဒီနောက် အနီးပါတ်ဝန်းကျင် လမ်းမပေါ်မှာ အခမ်းအနားနဲ့တစ်ကွ မင်္ဂလာမောင်နှံတို့ လှည့်လည် သွားလာခဲ့ကြပါတယ်။
_601_323.jpeg)
တရားဥပဒေအရ အကျုံးမဝင်သော်လည်း ယုံကြည်မှုအစဉ်အလာအရ အမွှာမောင်နှမနှစ်ဦးကို အခုလို လပ်ထပ်ပေးရတာဟာ ကလေးတွေရဲ့ ရှေ့ရေး ချောမွေ့စေဖို့နဲ့ ကျန်းမာရေးက အစ၊ ကံကောင်းခြင်းတွေ ရှိလာစေဖို့ မင်္ဂလာဆောင်ပေးရတာလို့ဆိုပါတယ်။

ဒါပေမယ့် မောင်နှမနှစ်ယောက်ရဲ့ ကြားက စည်းကိုတော့ မကျိုးပေါက်စေပဲ သူတို့ အရွယ်ရောက်လာတဲ့အခါ ကိုယ်ကြိုက်သူကို စိတ်ကြိုက် ရွေးချယ်လက်ထပ်နိုင်တယ်လို့ ဆိုပါတယ်။
comment