1. Home
  2. Movie Stars - Celebrity

နေခြည်ဦးနဲ့ ထူးအောင်ပါဝင်သရုပ်ဆောင်ထားတဲ့ အကြမ်းစား MTV

Movie Stars - Celebrity ธ.ค. 26, 2561 view 2,041

ငယ်ရွယ်တဲ့မိန်းမပျိုလေးတွေ တစ်ခြည်ထဲခြည်နေကြတဲ့ blogger ချောချောလေး နေခြည်ဦးနဲ့ လက်တလောမှာ MRTV-4 လွှင့်တဲ့ ပုဂံမြို့သူ ဇာတ်လမ်းတွဲနဲ့ ကိုကိုလွင်ဆိုပြီး ကောင်မလေးတွေဝန်းရံနေကြတဲ့ ထူးအောင်တို့ အဆိုတော် Ar-T ရဲ့ အသစ်ထွက်တဲ့ သီချင်းအယ်လ်ဘမ်မှာပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။


သီချင်းလေးရဲ့ နာမည်ကတော့ Eyez On you လို့အမည်ရပြီး ချစ်ကြိုက်နေရင်းမှ သွေးအေးသွားတဲ့ ချစ်သူမိန်းကလေးအကြောင်းကို သီဆိုထားတာဖြစ်ပါတယ်။


လိမ်ညာတတ်တဲ့ ချစ်သူမိန်းကလေးကို စိတ်မချတဲ့အတွက် သူနေထိုင်တဲ့ အိမ်အတွင်း ပတ်ပတ်လည်မှာ CCTV camera တွေတပ်ပြီး စိတ္တဇဆန်ဆန်စောင့်ကြည့်နေခဲ့တဲ့ ယောင်္ကျားလေးတစ်ယောက်အသွင်ဖြင့် ထူးအောင်ကပီပြင်စွာသရုပ်ဆောင်ထားပါတယ်။

 

နေခြည်ဦးကလဲ သဝန်တိုတတ်တဲ့ချစ်သူကိုအနိုင်ယူတတ်တဲ့ ကောင်မလေးနေရာက ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ ဘယ်လိုပင် စောင့်ကြည့်နေပါစေ နောက်ဆုံးတော့ ချစ်သူနားကရက်စက်စွာဖယ်ခွာသွားတဲ့ မိန်းကလေးတစ်ယောက်အနေနဲ့ ခြည်ခြည်က အပီအပြင်သရုပ်ဆောင်ခဲ့ပါတယ်။


ခြည်ခြည်နဲ့ ထူးအောင်တို့ ပါဝင်သရုပ်ဆောင်ထားပြီး အဆိုတော် Ar-T သီဆိုထားတဲ့ Eyez on you သီချင်းလေးကိုပရိတ်သတ်ကြီးခံစားနားဆင်ကြည့်လိုက်ကြပါဦး။




Follow us on