1. Home
  2. Special or Others

ဘတ်စ်ကား အပိုင်းစီးပြီးနောက် ယာဉ်တိုက်မှုဖြစ် ၈ ဦးသေ ၂၂ ဦး ဒဏ်ရာရ (ရုပ်သံ)

Special or Others ธ.ค. 26, 2561 view 1,641

တရုပ်နိုင်ငံ ဖူဂျီယန်ပြည်နယ်တွင် ဒီဇင်ဘာ ၂၅ ရက် နေ့လည်ပိုင်က ခရီးသည်တင် ဘတ်စ်ကားတစ်စီးကို အပိုင်စီးပြီး မောင်းနှင်ထွက်ပြေးရာမှ ယာဉ်တိုက်မှုဖြစ်ကာ လူ ၈ ဦးသေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လိုရန်းမြို့မှာ မွန်းလွဲ ၃ နာရီ ၂၀ ခန့်က ဖြစ်ပွားခဲ့ပြီး သေဆုံးသူတွေထဲမှာ ရဲတစ်ဦးလည်း ပါဝင်ကြောင်း သိရှိရပါတယ်။ ဓါးကိုင်ခြိမ်းခြောက်ပြီး ဘတ်စ်ကား အပိုင်စီးခဲ့သူကို ရဲများက ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း CGTN ရုပ်သံသတင်းမှာ ဖော်ပြခဲ့ပါတယ်။

တရုပ်မီဒီယာက ဖော်ပြထားတဲ့ ရုပ်သံမှာတော့ ဘတ်စ်ကားတိုက်မှုကြောင့် လူများ လမ်းမပေါ်မှာ ဒဏ်ရာများနဲ့ လဲကျနေကြတာကို တွေ့မြင်ရပြီး ဘတ်စ်ကားရဲ့ အရှေ့ပိုင်း ဆိုးရွားစွာ ပျက်ဆီးနေတာကို ကြည့်ခြင်းဖြင့် ယာဉ်တိုက်မှု ပြင်းထန်ကြောင်း သိရပါတယ်။


ဘတ်စ်ကားအပိုင်စီးသူဟာ ခရီးသည်အမျိုးသမီးတစ်ယောက်ကို အရင်တိုင်ခိုက်ခဲ့ပြီးမှ ကားကို အပိုင်စီးခဲ့တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ နောက်ထပ် ရုပ်သံတစ်ခုမှာတော့ ဘတ်စ်ကားအပိုင်စီးခဲ့သူကို ရဲတွေက ဝိုင်းဖမ်းနေကြတာ မြင်တွေ့ရပါတယ်။




Follow us on