1. Home
  2. Movie Stars - Celebrity

Relationship ချိတ်ကာ ပြန်အဆင်ပြေသွားကြပြီဖြစ်တဲ့ နေခြည်ဦးနဲ့ အောင်နွေဦး

Movie Stars - Celebrity ธ.ค. 27, 2561 view 1,896

Beauty Blogger တစ်ဖြစ်လဲ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ရပ်တည်နေပြီဖြစ်တဲ့ နေခြည်ဦးကတော့ သူမရဲ့ပထမဆုံးပွဲဦးထွက်ရုပ်ရှင်မှာတင် ပရိသတ်တွေရဲ့ဝက်ဝက်ကွဲ လက်ခံအားပေးမှုကိုရရှိခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ပွင့်လင်းမှု၊ ဆိုရှယ်ကျမှုနဲ့ ဖော်ရွေစွာပေါင်းသင်းဆက်ဆံတတ်မှုတို့ကြောင့်ပဲ မိန်းကလေးပရိသတ်တွေရဲ့ ချီချီမှ ချီချီဆိုပြီး သဲသဲလှုပ်ချစ်ခင်ခြင်းကိုခံထားရတာပဲဖြစ်ပါတယ်။

သူမရဲ့နေထိုင်မှုဘ၀ပုံစံကိုလဲ ပွင့်ပွင့်လင်းလင်းချပြတတ်သလို အချစ်ရေးကိုလဲ လျှိ့ဝှက်မထားတတ်တဲ့ နေခြည်ဦးကတော့ မကြာသေးခင်ကပင် အင်တာဗျူးတွေကတစ်ဆင့် သူမရဲ့ချစ်သူနဲ့ ပြတ်စဲသွားပြီလို့ ကြေငြာခဲ့ပါတယ်။



နေခြည်ဦးက တရားဝင်မကြေငြာထားပေမယ့်လဲ အောင်နွေဦးက သူမရဲ့ချစ်သူဆိုတာကိုတော့ လူတိုင်းသိကြပါတယ်။ ချစ်သူဖြစ်ပြီး တစ်နှစ်ပြည့်တဲ့နေ့လေးမှာ ရှေ့ဆက်ဖို့ညှိနှိုင်းမရတာကြောင့် အောင်မြင်မှုကိုပဲရွေးချယ်ကာ အချစ်ကိုလက်လျှော့လိုက်တာဖြစ်တယ်လို့ ချီချီကပြောခဲ့ပါတယ်။ လက်ရှိမှာ ရုပ်ရှင်တွေရိုက်ကူးရင်း တစ်ကိုယ်တော် single ဘ၀မှာပျော်နေတယ်ဆိုတဲ့ နေခြည်ဦးကတော့ သူမရဲ့ချစ်သူ အောင်နွေဦးနဲ့ပြန်လည်အဆင်ပြေသွားပြီလို့ ယူဆရပါတယ်။



အောင်နွေဦးမှ သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်ကနေ “Christmas with Her” ဆိုပြီးရေးကာ Christmas နေ့မှာ နှစ်ယောက်အတူတွဲရိုက်ထားတဲ့ပုံလေးကို တင်ထားပြီး နေခြည်ဦးကလဲ သူမရဲ့ အင်စတာဂရမ်မှာ “Christmas with Him” ဆိုပြီးရေးကာ နှစ်ယောက်တွဲပုံလေးကို ကိုယ်စီတင်ထားကြတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖေ့စ်ဘွတ်အကောင့်မှာလည်း Relationship ကိုပြန်ချိတ်ထားတာတွေ့ရတဲ့အတွက် ချီချီတို့နှစ်ယောက်ပြန်အဆင်ပြေသွားပြီလို့ပဲ ပြောရပါတော့မယ်။




ယခုလိုမျိုး သူတို့နှစ်ယောက်ပြန်အဆင်ပြေသွားကြတာကြောင့် နေခြည်ဦးရဲ့ အမာခံ chillies တွေကတော့ အရမ်းကိုပျော်ရွှင်နေကြသလို ယခုလိုလေးပဲ အဆင်ပြေပြေနေကြဖို့ကိုလဲ ဆုတောင်းပေးထားကြပါသေးတယ်။





Follow us on