1. Home
  2. Special or Others

ချစ်သူသေတာကိုမြင်ပြီး နာရီပိုင်းအတွင်း ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်တဲ့ အမျိုးသမီး

Special or Others ธ.ค. 28, 2561 view 1,670

အဲလစ်ရိုဘင်ဇင် ဆိုတာ အမျိုးသမီးဟာ သူရည်းစား ဂျက်ဆင် ဖရန့်စစ် သေဆုံးတာကိုမြင်ခဲ့ပြီးနောက်ပိုင်း နာရီ အနည်းငယ် အတွင်းမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ သြစတြေးလျ မှာ နေထိုင်ကြတာဖြစ်ပြီး ဗြိတိန်ကနေ့ ပြောင်းရွေ့လာခဲ့တာ တစ်နှစ်တောင်မပြည့်သေးပါဘူးလို့ သိရပါတယ်။

ဂျက်ဆင် ဖရန့်စစ်ဟာ Cottesloe Rugby Union Football Club အသင်းရဲ့ ဘောလုံးကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ ဂျက်ဆင် ဖရန့်စစ် ဟာ သူငယ်ချင်းတွေနဲ့ တစ်နေကုန်သောက်စားပြီး ည ၈နာရီလောက်ရောက်မှာ ဂျက်ဆင် ဖရန့်စစ် ဟာ အမူးလွန်ပြီး ကားလမ်းမပေါ်မှာ အိပ်ပျော်နေတဲ့အချိန် ပီဇာပို့တဲ့ ကားက ဝင်တိုက်မိတာပဲ ဖြစ်ပါတယ်။


ဖြစ်တဲ့ညက ပီဇာလိုက်ပို့ရင်း ဂျက်ဆင် ဖရန့်စစ် ကားလမ်းမမှာ လဲလျောင်းနေတာကို မမြင်ဘဲ မတော်တဆတိုက်မိသွားခဲ့တာဖြစ်ပါတယ်။ ဝင်တိုက်တဲ့ ကားသမားဟာ အသက် ၁၈နှစ်အရွယ်သာရှိသေးတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး ပီဇာပို့တဲ့အလုပ်ကို အချိန်ပိုင်းလုပ်ကိုင်ရင်း ကျောင်းစရိတ်ရှာနေသူတစ်ဦးပဲဖြစ်ပါတယ်။ ကားသမားလေးဟာ တိုက်တိုက်ပြီးချင်း ထွက်ပြေးချင်းမရှိဘဲ ထိုနေရာမှာတင် ရဲစခန်းနဲ့ လူနာတင်ကားတွေကို ဖုန်းဆက်ခေါ်ပေးခဲ့ပါသေးတယ်လို့ သိရပါတယ်။


ဂျက်ဆင် ဖရန့်စစ် ၏ သူငယ်ချင်းတွေက သောက်ပြီးစားပြီး အိမ်တိုင်ရာရောက် လိုက်ပို့ပေးခဲ့ပြီး ဂျက်ဆင် ဖရန့်စစ်က အမူးလွန်းပြီး လမ်းမလျှောက်နိုင်ပဲ လမ်းဘေးမှာ အိပ်နေခဲ့တာဖြစ်ပါတယ်။ အိမ်နားမှာ ကားတိုက်မိတဲ့အသံကြားတော့ အဲလစ်ရိုဘင်ဇင် တစ်ယောက် အပြေးအလွှာ ထွက်ကြည့်ခဲ့ရင်း ဂျက်ဆင် ဖရန့်စစ် မှာ ဒဏ်ရာတွေနဲ့ လဲလျောင်းနေတာကို မျက်မြင်တွေ့ရခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ဆေးရုံကားရောက်လာပေမဲ့လည်း ဂျက်ဆင် ဖရန့်စစ် တစ်ယောက် အသက်မရှိတော့ပါဘူး။ ဒီအဖြစ်အပျက်ကြီးကို လက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့ Alic တစ်ယောက်အတွက်တော့ တကယ့်ကို ဝမ်းနည်းကြေကွဲစရာအဖြစ်အပျက်တစ်ခုကြုံလိုက် ရတာပဲဖြစ်ပါတယ်။

ဂျက်ဆင် ဖရန့်စစ် ရဲ့ အပေါင်းအသင်းတွေက အသုဘကိစ္စလုပ်ဖို့ Alic ဆီ ဆက်သွယ်ခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။ အစပိုင်းမှာ သူတို့ရဲ့ အတွေးက သူရည်းစား ဆုံးရှုံးသွားတဲ့အတွက် ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ချင်လို့ နေမယ်ထင်ပြီး အမှု့မဲ့ အမှတ်မဲ့ပဲ နေလိုက်ပါတယ်။ ဒါပေမဲ့ အချိန်တော်တော်ကြာထိ လုံးဝအဆက်အသွယ်မရတာကြောင့် စိုးရိမ်ပြီး အိမ်ကို လိုက်သွားခဲ့ရာ အိမ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရပ်ထားတဲ့ ကားထဲမှာ အဲလစ်ရိုဘင်ဇင် တစ်ယောက်သေနေတာကို တွေ့ခဲ့ရပါတယ်။


ရဲတပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆေးချက်အရ ကိုယ့်ကိုကိုယ် အဆုံးစီရင်တာကလွဲရင် သံသယဖြစ်စရာ ဘာမှမတွေ့ရှိဘူးလို့ဆိုပါတယ်။ သူတို့ရဲ့ အလောင်း ၂လောင်းကို ဗြိတိန်က မိဘတွေဆီ ပြန်ပို့ပေးမှာဖြစ်ပြီး ပီဇာကားမောင်းတဲ့ ကောင်လေးအတွက်တော့ မတော်တဆ ယာဉ်တိုက်မှု တစ်ခုဖြစ်တာကြောင့် ပြစ်ဒဏ်ကနေ အနည်းငယ်လျော့ပေါ့ပေးမယ်လို့ သိရပါတယ်။



Follow us on