1. Home
  2. Movie Stars - Celebrity

နှစ်သစ်ကို သတင်းကောင်းလေးနဲ့ စတင်ကြိုဆိုလိုက်တဲ့ စန္ဒီမြင့်လွင်

Movie Stars - Celebrity ม.ค. 02, 2562 view 1,480

ဂီတလောကမှာ အောင်မြင်ကျော်ကြားပြီး ပရိသတ်အခိုင်အမာရရှိထားတဲ့ အဆိုတော် စန္ဒီမြင့်လွင်ကတော့ မြူးမြူးကြွကြွ ဟစ်ဟော့သံစဉ်စာသားတွေကိုမှ သီဆိုတတ်တဲ့ ရက်ပါအဆိုတော်မလေးဖြစ်ပါတယ်။ ချစ်သူနဲ့အတူ ရွှေလက်တွဲပြီးနောက် သာယာတဲ့အိမ်ထောင်ရေးတစ်ခုကို ပုံဖော်နေပေမယ့်လည်း သူမချစ်တဲ့အနုပညာအလုပ်တွေကိုတော့ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ဒီးဒီကတော့ ၂၀၁၉ ခုနှစ်ရဲ့နှစ်သစ်ရက်လေးကို ပျော်ရွှင်စရာသတင်းကောင်းလေးနဲ့ အတူစတင်ကြိုဆိုလိုက်ပါတယ်။



ခင်ပွန်းဖြစ်သူနဲ့အတူ တည်ဆောက်ထားတဲ့နှစ်ယောက်တစ်ဘ၀လေးထဲကို ပျော်ရွှင်ခြင်းတွေထပ်ပေါင်းယူဆောင်လာပေးမယ့် ဘေဘီလေးရောက်ရှိလာတော့မယ်ဆိုတဲ့ ၀မ်းသာစရာသတင်းလေးကို မျှဝေလိုက်တာပဲဖြစ်ပါတယ်။ အာထရာဆောင်းရိုက်ထားတဲ့ ပုံလေးနဲ့အတူ “Happy New Year to you all” ဆိုပြီး နှစ်သစ်ကို သတင်းကောင်းလေးနဲ့ကြိုဆိုလိုက်တာပဲဖြစ်ပါတယ်။ သူမရဲ့ပရိသတ်တွေကတော့ ဒီးဒီအတွက် ၀မ်းသာမဆုံးဖြစ်လို့နေကာ သားသားလေးရပါစေ၊ မီးမီးလေး ရပါစေလို့ ဆုတောင်းစကားတွေလဲ ပြုထားကြပါသေးတယ်။


ကိုယ်ဝန် နှစ်လခွဲလွယ်ထားရတဲ့ ဒီးဒီကတော့ သားလေးပဲဖြစ်ဖြစ်၊ သမီးလေးပဲဖြစ်ဖြစ် ရတာလိုချင်ပါတယ်လို့ဆိုထားပါသေးတယ်။ ၂၀၁၈ ခုနှစ်ရဲ့နှစ်စကို လက်ထက်မင်္ဂလာသတင်းလေးနဲ့ ကြိုဆိုခဲ့တဲ့ ဒီးဒီတစ်ယောက် ၂၀၁၉ ခုနှစ်ရဲ့နှစ်စလေးကိုလည်း နောက်ထပ်မင်္ဂလာသတင်းလေးနဲ့ ကြိုဆိုလိုက်တာပဲဖြစ်ပါတယ်။ လိုချင်နေတဲ့ မိသားစုဘ၀လေးကို မကြာခင်ဖန်တီးနိုင်တော့မယ့် ဒီးဒီတို့ဇနီးမောင်နှံနှစ်ယောက် ထာဝရပျော်ရွှင်တဲ့မိသားစုဘ၀လေးကို တည်ဆောက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။





Follow us on