1. Home
  2. Football

၂၀၁၉ နှစ်သစ်ကို စကီလေး ၂၆ ယောက် ခြံရံပြီး ကြိုဆိုခဲ့တဲ့ နေမာ

Football ม.ค. 02, 2562 view 1,829

၂၀၁၈ နှစ်ကုန်လို့ ၂၀၁၉ နှစ်ကူး လှမ်းချိန် ကမ္ဘာ့ကျော် ဘောလုံးသမားတွေ အားလုံးက ပုံစံအမျိုးမျိုးနဲ့ဖြတ်သန်းခဲ့ကြပါတယ်။ တချို့ကလည်း မိသားစု နဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီအထဲ့မှာမှ ပီအက်စ်ဂျီနဲ့ ဘရာဇီးအသင်းတိုက်စစ်မှူးနေမာရဲ့ 2018 နှုတ်ဆက်ညကတော့ တော်တော်လေးကိုလန်းခဲ့ပါတယ်။



နေမာဟာ ဘရာဇီးကစားဖော်ဖြစ်တဲ့ ဘာစီလိုနာကွင်းလယ်လူအာသာနဲ့အတူ မွေးရပ်မြေဘရာဇီးက ရီယိုဒီဂျနေးရိုးမြို့မှာ လှပတဲ့အမျိုးသမီး စကီလေး ၂၆ ယောက် ခြံရံပြီး ပါတီပေးခဲ့တာဖြစ်ပါတယ်။ နေမာကိုယ်တိုင်ကလည်း အဲဒီဓာတ်ပုံကို သူ့ရဲ့ လူမှုအကောင့်မှာတင်ထားခဲ့တာကြောင့်  twitter ပေါ်မှာပါ တော်တော်လေးကိုရေပန်းစားသွားခဲ့ပါတယ်။



နေမာတို့ရဲ့ နှစ်သစ်ကူးပါတီပွဲကျင်းပခဲ့တဲ့ကလပ်မှာ လူရာပေါင်းများစွာလည်းလာရောက်ပူးပေါင်းခဲ့ကြပြီး မီးရှူးမီးပန်းတွေဖောက်ကာ အစွမ်းကုန်ကဲခဲ့ကြတာပါ။ ဒါ့အပြင် နေမာရဲ့ဘော်ဒါအပေါင်းအသင်း တစ်ဦးဖြစ်တဲ့ ဘရာဇီးအဆိုတော်သီယာဂွင်ဟိုကလည်း သီချင်းတွေနဲ့ဖျော်ဖြေခဲ့ပါသေးတယ်။

 




Follow us on