မင်းသား ကင်ဝူဘင်တစ်ယောက် ဦးနှောက်အာရုံကြောနဲ့ လည်ချောင်းဆိုင်ရာ ကင်ဆာရောဂါ ဝေဒနာကြောင့် ဆေးကုသမှုခံယူနေခဲ့တာ တီဗွီဖန်သားပြင်မှာ မမြင်တွေ့ရတာ အချိန်တော်တော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။
ကင်ဝူဘင်တစ်ယောက် အနုပညာအလုပ်တွေကိုဆက်မလုပ်နိုင်ပဲ ဒီလို အဖြစ်ဆိုးကြီးနဲ့ ကြုံတွေ့နေရတဲ့အချိန်မှာ ချစ်သူ မမ ရှင်မအက သူ့ဘေးမှာအားပေးရင်း အစဉ်အမြဲရှိပေးနေခဲ့တာပါ။
ဇန်နဝါရီလ ၁ ရက်နေ့ဟာ ရှင်မင်အ နဲ့ ကင်ဝူဘင်တို့ရဲ့ ချစ်သူသက်တမ်း နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ၂၀၁၉ မှာဆိုရင်တော့ဖြင့် ၄ နှစ်တိတိပြည့်သွားပြီပဲဖြစ် ပါတယ်။ဆေးကုသမှုခံယူနေတဲ့ ဝူဘင်းကို ပရိတ်သတ်တွေ မြင်တွေ့ခွင့်မရခဲ့တာ အချိန်တော်တော်ကြာခဲ့ပါပြီ။ ၂၀၁၉ ရဲ့ နှစ်အစပိုင်း ဇန်နဝါရီ ၁ ရက်နေ့မှာတော့ ဝူဘင်းကို ရှင်မင်အ နဲ့အတူ သြစတေးလျမှာတွေ့ခဲ့တယ် လို့ပရိတ်သတ်အချို့က ပြောခဲ့ပါတယ်။
သြစတေးလျမှာတွေ့ခဲ့တဲ့ ဖန်တွေကသူတို့ နှစ်ယောက်ရဲ့ ဓာတ်ပုံတွေကိုရိုက်ပြီးတင်ခဲ့တဲ့အခါမှာတော့ အွန်လိုင်းပေါ်မှာ သူတို့စုံတွဲအကြောင်း ချီးမွမ်းတဲ့စာတွေ၊ မန့်တွေနဲ့ ပြည့်နှက်လာပါတယ်။
သူတို့နှစ်ဦးဟာ လူသွားလမ်း စင်္ကြံမှာတစ်ဦးနဲ့တစ်ဦး လက်ကိုမြဲမြံစွာဆုပ်ကိုင်ထားပြီး လမ်းလျှောက်ခဲ့ကြတာပါ။ နေ့လည်စာကိုလဲ ကမ်းခြေအနီးမှာရှိတဲ့စားသောက်ဆိုင် တစ်ဆိုင်မှာ အတူစားသောက်ခဲ့ကြပါတယ်။ ကင်ဝူဘင်တစ်ယောက် ကင်ဆာရောဂါ ဝေဒနာကိုစတင်ခံစားနေရကတည်းက ပရိတ်သတ်ရှေ့ကို ပေါ်မလာတာအတော်ကြာခဲ့ ပါပြီ။ ပြီးခဲ့တဲ့ လပိုင်းအနည်းငယ်ကတော့ သူအရမ်းခင်တဲ့သူ့သူငယ်ချင်း မင်းသား လီဂျောင်ဆော့နဲ့အတူ ခရီးသွားတဲ့ပုံတွေတက်လာခဲ့ပါသေးတယ်။
အခုတော့ ချစ်သူနဲ့ သြစတေးလျမှာလည်နေတဲ့ ဝူဘင်းကိုကြည့်ရတာ ကျန်းမာရေးလဲ အဆင်ပြေတဲ့ပုံပါပဲ။ သူဆေးကုသမှုခံယူနေရာက အမြန်ဆုံးသက်သာပျောက်ကင်းပြီး တီဗွီဖန်သားပြင်ပေါ်ကို အမြန်ဆုံးရောက်လာဖို့ပဲ ဆုတောင်းရမှာပါပဲ။ အားလုံးပဲ ဝူဘင်းနဲ့ ရှင်မင်အတို့ စုံတွဲလေးကို ချစ်တယ်ဆိုရင် like&share လုပ်ဖို့လဲမမေ့နဲ့ဦးနော်။