
တစ်ပါတ်ကို ယူရို ၃ သိန်းရရှိနေတဲ့ အာဆင်နယ်အသင်း၏ ကွင်းလယ် ဖန်တီးရှင် အိုဇေးလ် ဟာ လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့မှာတော့ ပြောင်ရွှေ့ဖို့မရှိဘဲ အာဆင်နယ် အသင်းမှာသာ ဆက်ရှိမယ်လို့သိရပါတယ်။
.jpg)
ချလ်ဆီးအသင်းက ခေါ်ယူဖို့ကြိုးစားနေတဲ့ အစ္စကို ကို ပီအက်စ်ဂျီ အသင်းကပါ ခေါ်ယူဖို့ကြိုးပမ်းလာတယ်လို့သိရပါတယ်။ ဒါမဲ့ ချလ်ဆီးအသင်းက သူတို့ရာထားတဲ့ ကစားသမားကို အရခေါ်ယူမယ်လို့သိရပါတယ်။

အာဆင်နယ်အသင်း နှင့် မန်စီးတီး တိုက်စစ်မှူးဟောင်း နာဆရီ ဟာ တစ်ပါတ်ကို လုပ်ခ ယူရို ၈၀၀၀၀ သန်းနှင့် ဝက်စ်ဟမ်းအသင်းနှင့်တရားဝင် စာချုပ်ချုပ်ဆိုခဲ့ပြီ ဖြစ်ပါတယ် ။ ဝက်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂလီနီ ဟာ သူ၏တပည့်အရင်း ဖြစ်တဲ့ နာဆရီ ကိုခေါ်ယူပြီး တိုက်စစ်ပိုင်းကို မြင့်တင်လိုက်တာဖြစ်ပါတယ်။ နာဆရီဟာ ဝက်စ်ဟမ်းအသင်းမှာ ကျောနံပါတ် ၁၈ ကိုဝတ်ဆင်ကစားမှာဖြစ်ပါတယ်။
.jpg)
ဖူဟမ်အသင်းက ချလ်ဆီးအသင်း၏နောက်ခံကစားသမား ကာဟေးလ်ကို အငှားဖြင့်ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ဖူဟမ်အသင်းဟာ ဒီရာသီ မှာ ပေးဂိုးအများဆုံး အသင်းဖြစ်နေပြီး ခံစစ်ပိုင်း ပြသာနာကို ဖြေရှင်းဖို့အတွက် နည်းပြ ရေရီနာရီ က ဝါရင့်နောက်ခံကစားသမားကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

အီတလီ စီရီးအေ ကလပ် အင်တာမီလန်အသင်းဟာ မန်ယူအသင်း ကစားသမား အက်ရှက်လေ ယန်းကို ၂ နှစ်စာချုပ်ဖြင့်ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ယန်း ဟာ မန်ယူအသင်းနှင့် စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး ထွက်ခွာဖြစ်ပါက ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ထွက်ခွာရမည်ဖြစ်ပါတယ်။

ဟက်ဒါဖီလ်း အသင်းဟာ ဇန်နဝါရီ ဈေးကွက်မှာ တော့တင်ဟမ် အသင်းမှ အသက် ၁၉ နှစ် လူငယ်ကစားသမားလေး ဂျောဒန် ဘရောင်း ကို ၂ နှစ်ခွဲစာချုပ်နဲ့ စာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီလို့သိရပါတယ်။
ချလ်ဆီးအသင်းကို အငှားဖြင့်လာရောက်နေတဲ့ ရီးရဲလ် ကွင်းလယ်ကစားသမား ကိုဗာချစ် ကို ခေါ်ယူနိုင်ဖို့အတွက် အင်တာမီလန်အသင်းက ကြိုပမ်းနေတယ်လိုသိရပါတယ်။
.jpg)
comment