1. Home
  2. Movie Stars - Celebrity

ပရဟိတ အသင်းကို ဒေါ်လာ (၁)သိန်းကျော်လှူဒါန်းလိုက်တဲ့ Daniel Henney

Movie Stars - Celebrity ม.ค. 03, 2562 view 1,578

ကိုးရီးယား၊ အမေရိကန် ကပြား မင်းသား Daniel Henney ဟာ တောင်ကိုးရီးယားနိုင်ငံရှိ Non-profit Organization တစ်ခုမှာ ဒေါ်လာ တစ်သိန်း ၇သောင်း ၈ထောင်တိတိ လှူဒါန်းခဲ့ပါတယ်။


Non-profit Organization ရဲ့ နာမည်ကတော့ Commnity Chest of Korea ဖြစ်ပြီး Daniel လှူဒန်းခဲ့တဲ့ ငွေသားဟာ ကိုးရီးယားဝမ်နဲ့ ဒေါ်လာ သန်းပေါင်း ၂၀၀ ဖြစ်ပါတယ်။ ဒီလိုသန်းပေါင်းများစွာ လှူဒန်းအပြီးမှာတော့ Daniel ဟာ တောင်ကိုးရီးယားနိုင်ငံ သန့်ရှင်းစင်ကြယ်တဲ့ ပုဂ္ဂိုလ်တွေပါဝင်တယ်လို့ အစိုးရသတ်မှတ်ထားတဲ့ အဖွဲ့အစည်း “Honor Society” မှာပါဝင်ခွင့်ရခဲ့ပါတယ်။


Daniel လှူလိုက်တဲ့ပိုက်ဆံတွေဟာ The Purme Foundation ကိုရောက်ရှိသွားမှာဖြစ်ပြီး မျက်မမြင်ကလေးတွေအတွက် အဓိကထားပြီးလှူဒါန်း သွားမယ်လို့သိရပါတယ်။ Lou Gehrig’s disease လို့ခေါ်တဲ့ ရောဂါဆန်းတစ်မျိုးကို ခံစားနေရတဲ့ လူနာတွေအတွက်လဲ Seungil Hope Foundation မှတစ်ဆင့် အလှူငွေတွေကို လိုအပ်သလိုအသုံးပြုသွားမှာဖြစ်ပါတယ်။


အသက် ၃၉ နှစ်ရှိနေပြီဖြစ်တဲ့ Daniel ဟာ ကိုးရီးယား၊ အမေရိကန်က ပြားဖြစ်တဲ့အတွက် နှစ်နိုင်ငံလုံးမှာ အနုပညာလှုပ်ရှားမှုတွေပြုလုပ်လေ့ရှိပါတယ်။ Daniel ဟာ ၂၀၀၁ ခုနှစ်မှာ အမေရိက  မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ X-Men Origins: Wolverine မှာ Agent Zero အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ Shanghai is Calling ရုပ်ရှင်ဇာတ်ကားမှာအဓိက ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး အမေရိကမှာ လူကြိုက်များခဲ့ပါတယ်။



အမေရိကမှာလဲ အနုပညာအလုပ်တွေလုပ်ကိုင်သလို ကိုးရီးယားမှာလဲ Drama တွေ Movie တွေရိုက်ကူးလေ့ရှိပါတယ်။ အမေရိကရော ကိုးရီးယားမှာပါ နာမည်ကြီး လူကြိုက်များတဲ့ ကပြားသရုပ်ဆောင် Daniel Henney ဟာ သူရှာထားတဲ့ထဲကမှ အမေရိကမှာ မလှူပဲ တောင်ကိုးရီးယားမှာလှူဒန်းတယ်ဆိုတာ ကိုးရီးယားလူမျိုးတွေအတွက်တော့ဝမ်းသာစရာပါ။


Daniel Henney ရဲ့ လှူဒါန်းမှုအတွက် ကောင်းချီးပေးတယ်ဆိုရင် like&share လုပ်ဖို့လဲ မမေ့ကြနဲ့ဦးနော်။



Follow us on