1. Home
  2. Movie Stars - Celebrity

ဖခင်ဆီကနေ သိန်း(၄၀) တန်ဖိုးရှိအိတ် လက်ဆောင်ရလို့ အရမ်းတွေလွှတ်ပျော်နေတဲ့ ချီချီ

Movie Stars - Celebrity ม.ค. 07, 2562 view 1,544

အများကချစ်စနိုးနဲ့ ချီချီလို့ခေါ်ကြတဲ့ Beauty Blogger မလေးနေခြည်ဦးကတော့ အနုပညာလောကမှာပါ နာမည်တစ်လုံးနဲ့ ရပ်တည်နေသူဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာတစ်ခွင်ကို ဂယက်ထလွှမ်းမိုးနိုင်သူဖြစ်တဲ့ နေခြည်ဦးကတော့ ချစ်ခင်သူတွေများစွားရဲ့ အားပေးဝန်းရံခြင်းကိုခံထားရသလို မနာလိုသူတွေရဲ့ဝေဖန်ပြစ်တင်ပြောဆိုခြင်းကိုလဲ အမြဲဆိုသလိုခံနေရသူဖြစ်ပါတယ်။



ဘယ်လိုပင် ဝေဖန်တိုက်ခိုက်နေပါစေ လဲပြိုကျမသွားပဲ စိတ်ဓာတ်ခိုင်မာစွာနဲ့ ကိုယ်ယုံကြည်ရာကိုရှေ့ဆက်လျှောက်လှမ်းနေတဲ့ နေခြည်ဦးကတော့ သူမရဲ့ဖြစ်ပျက်သမျှကိစ္စရပ်တိုင်းကို ဖုံးကွယ်ထားခြင်းမရှိ ပွင့်လင်းစွာဝေမျှတတ်သူတစ်ယောက်ပါ။


မိသားစုထဲမှာ အကြီးဆုံးသမီးဖြစ်တဲ့ ချီချီကတော့ Daddy’s Gril ဆိုသလိုပဲ ဖခင်ရဲ့ချစ်မေတ္တာတွေကို အပြည့်အ၀ရရှိထားသူဖြစ်ပါတယ်။ သူမရဲ့ပထမဆုံးရုပ်ရှင်မှာတင် ၀က်ဝက်ကွဲအောင်မြင်ခဲ့တဲ့ချီချီတစ်ယောက် ဖခင်ဆီကနေ တန်ဖိုးကြီးလွန်းတဲ့နာရီကို ဂုဏ်ပြုလက်ဆောင်အဖြစ်ရရှိခဲ့ပြီး ယခုတစ်ခါမှာလဲ သိန်း (၄၀) တန်ဖိုးရှိတဲ့ အိတ်ကိုလက်ဆောင်ပေးခဲ့ပြန်ပါတယ်။



သူမရဲ့နာမည်ကိုထွင်းထားတဲ့ တန်ဖိုးကြီးအိတ်ကိုလက်ဆောင်ရလိုက်တာကြောင့် ချီချီတစ်ယောက် အပျော်ကြီးပျော်လို့နေကာ သူမရဲ့အပျော်တွေကိုလဲ ပရိသတ်တွေဆီဝေမျှထားတာပဲဖြစ်ပါတယ်။ နေခြည်ဦးတစ်ယောက် ဘယ်လိုတွေလွှတ်ပျော်နေလဲဆိုတာ ဗီဒီယိုဖိုင်လေးကိုပါ တင်ဆက်ပေးလိုက်ပါတယ်.....





Follow us on