1. Home
  2. Movie Stars - Celebrity

နာမကျန်းကလေးငယ်တွေနဲ့ တွေ့ဆုံတဲ့ Jennifer Lawrence

Movie Stars - Celebrity ส.ค. 12, 2558 view 1,701

အော်စကာဆုရ သရုပ်ဆောင်မင်းသမီး ဂျနီဖာ လောရင့်စ်သည် ကနေဒါနိုင်ငံ မွန်ထရီအောမြို့၌ X-Men Apocalypse ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုကို ခေတ္တရပ်နား၍ ယင်းမြို့ရှိ ကလေးဆေးရုံသို့ သွား ရောက်ကာ နာမကျန်းကလေး ငယ်များနှင့် တွေ့ဆုံခဲ့သည်။ဂျနီဖာလောရင့်စ်နှင့် နာ မကျန်းကလေးငယ်များ အတူ ရိုက်ကူးထားသည့် ဓာတ်ပုံများကို Shriners ဆေးရုံ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ဖော်ပြခဲ့သည်။ ဂျနီ ဖာလောရင့်စ်သည် လူနာအချို့၏ ကျောက်ပတ်တီးများ၌ အမှတ် တရလက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ပြီး လူနာများနှင့်လည်း စကားစမြည်ပြောခဲ့သည်ဟု ဆေး ရုံဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။

‘‘ဒီနေ့ (ဩဂုတ် ၇ ရက်နေ့) မှာ ကျွန်မတို့ရဲ့ ကနေဒါဆေးရုံကို အထူးဧည့်သည်တစ်ဦးရောက် လာခဲ့ပါတယ်။ ဂျနီဖာလောရင့်စ် ဟာ မွန်ထရီအောမြို့မှာ ရုပ်ရှင် ဇာတ်ကားသစ်လာရိုက်တာပါ။ သူဟာ ကျွန်မတို့ #Shriners Canada ကလေးတွေနဲ့ဝန်ထမ်း တွေဆီ အချိန်ပေးလာရောက်ခဲ့ ပါတယ်။ အားလုံးပျော်ရွှင်ခဲ့ပါ တယ်’’ဟု Shriners ကလေးဆေး ရုံ၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ပြောကြားခဲ့သည်။ဂျနီဖာလောရင့်စ်ကို မကြာ မီတွင် Joy ရုပ်ရှင်ဇာတ်ကားသစ် ၌ တွေ့မြင်ရမည်ဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဒရာမာဇာတ်လမ်းတွဲ Passengers ၌ ခရစ်ပရက်နှင့် ပူးတွဲသရုပ်ဆောင်ရန် သဘောတူ ထားသည်။



Follow us on