1. Home
  2. Movie Stars - Celebrity

US ဒေါ်လာ သိန်း(၉၀)တန်တဲ့ အိမ်ကြီးတစ်လုံးကိုဝယ်လိုက်တဲ့ ယွန်နာ

Movie Stars - Celebrity ม.ค. 08, 2562 view 2,351

တောင်ကိုးရီးယားနိုင်ငံရဲ့ အချစ်ဦး Nation’s First Love လို့တင်စားခေါ်ဝေါ်ကြတဲ့ ယွန်နာဟာ ပေါ့ပါးသွက်လက်တဲ့ဟန်ပန်၊ ချစ်စရာကောင်းတဲ့ အမူအကျင့်၊ ချောမောလှပတဲ့ ရုပ်ရည်ကြောင့် ချစ်ခင်တဲ့ပရိတ်သတ်ပေါများသူတစ်ယောက်ပါ။


ယွန်နာဟာ ရုပ်ချောရုံသာမက ချမ်းသာတဲ့ idol တစ်ယောက်ဆိုရင်လဲမမှားပါဘူး။ Girls’ Generation အဖွဲ့မှာလဲ အောင်မြင်တဲ့ idol အဆိုတော်တစ်ယောက်ဖြစ်ပြီး အလှူအတန်းရက်ရောသူတစ်ယောက်ဖြစ်ပါတယ်။ယွန်နာ ဟာ Unicef ကပြုလုပ်တဲ့ campaign တစ်ခုမှာ Ambassdor အဖြစ်ခန့်အပ် ခြင်းကိုလဲ ခံခဲ့ဖူးပါတယ်။


ဝင်ငွေ အများဆုံးမင်းသမီးတွေထဲမှ တစ်ယောက်ဖြစ်တဲ့ ယွန်နာဟာ တောင်ကိုးရီးယားနိုင်ငံ ဂန်းနမ်အရပ်မှာ အမေရိကန်ဒေါ်လာ သိန်း(90)တန်တဲ့ အိမ်တစ်လုံးကိုဝယ်ခဲ့ကြောင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ (၇) ရက်နေ့က ပရိတ်သတ်ကိုအသိပေးခဲ့ပါတယ်။ ဂန်းနမ်လို နေရာမျိုးဟာ တောင်ကိုးရီးယားမှာရှိတဲ့ သူဋ္ဌေးအများစုသာ နေထိုင်နိုင်တဲ့ အရပ် ဖြစ်ပါတယ်။ ယွန်နာဝယ်လိုက်တဲ့ တိုက်ဟာ ၂၀၁၄ ခုနှစ်ကဆောက်လုပ်ခဲ့တာဖြစ်ပြီး အထပ်(၂) ထပ်ပါရှိပါတယ်။ တိုက်အိမ်ရဲ့ အကျယ်ကတော့ ပေပေါင်း ပတ်လည် ၁၅၇၄၂ ပေ ရှိပါတယ်။

 

ယွန်နာတစ်ယောက် အသက် ၁၇ နှစ်အရွယ်ကတည်းက idol အဆိုတော်တစ်ယောက် အဖြစ်ရပ်တည်လာခဲ့တာ အခုဆိုရင် ဝင်ငွေအများဆုံး ရရှိတဲ့ သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်လဲဖြစ်နေပါပြီ။ သူမရဲ့ အလုပ်ကြိုးစားမှုတွေ အရာထင်ခဲ့ပြီး အခုဆိုရင် ဒေါ်လာ သိန်း(၉၀) တန်တဲ့အိမ်ကြီးကို ဝယ်နိုင်တာဟာ ဂုဏ်ယူဝမ်းမြောက်စရာပါပဲ။


လာမယ့် ၂၀၁၉ နွေရာသီအချိန်အခါမှာ ယွန်နာ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘Exit’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာဖြစ်ပြီး သူမပရိတ်သတ်တွေနဲ့ တွေ့ဖို့စီစဉ် ထားတယ်လို့လဲသိရပါတယ်။ အားလုံးပဲ ယွန်နာ့ကိုချစ်တယ်ဆိုရင် like&share လေးလုပ်ဖို့လဲ မမေ့ပါနဲ့နော်။



Follow us on