1. Home
  2. Movie Stars - Celebrity

သင်ဇာရဲ့ဖက်ရှင်တွေပြောင်းလို့ ရန်ကုန်မှာမိုးများရွာသွန်းခဲ့လေသလား

Movie Stars - Celebrity ม.ค. 08, 2562 view 2,152

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ မြန်မာ့အနုပညာလောကမှာ အားပေးမှုတွေများစွာရရှိထားတဲ့ မင်းသမီးတစ်လက်ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားထင်ရှားတဲ့ နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်တာမို့ သူမရဲ့ဖက်ရှင်တွေနဲ့ လှုပ်ရှားသွားလာမှုတွေကအစ ပရိသတ်တွေရဲ့မျက်စိဒေါက်ထောက်စောင့်ကြည့်ခြင်းကို ခံရတာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ဒီရေတွေလို တရိပ်ရိပ်မြင့်တက်လာတဲ့သူမရဲ့ sexy ဖက်ရှင်တွေကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှုတွေကလဲ ပြင်းထန်လာခဲ့ပါတယ်။



ဘယ်လိုပင်ဝေဖန်ကြပါစေ သင်ဇာ့ဘက်ကနေ အခိုင်အမာရပ်တည်နေသူတွေလဲ ဒုနဲ့ဒေးပါပဲ။ ပွင့်လင်းတဲ့စကားပြောဆိုပုံတွေကြောင့် အားလုံးကအချစ်ပိုနေရတဲ့ သင်ဇာကတော့ မကြာသေးခင်ရက်ပိုင်းကပင် အင်တာဗျူးတစ်ခုမှာ ဒါသူမရဲ့စီးပွားရေးဖြစ်တာကြောင့် ၀တ်ဆင်နေရတာဖြစ်ပြီး ငတ်လို့ ဘယ်သူမှအိမ်ခေါ်ပြီး ထမင်းမကျွေးထားဘူးလို့ ပွင့်လင်းစွာပဲပြောကြားသွားခဲ့ပါတယ်။



ပွဲတစ်ပွဲတက်တိုင်း ပရိသတ်တွေကြား ဆူညံပွတ်လောရိုက်အောင် လှုပ်ခတ်နိုင်စွမ်းရှိသူမို့ ပွဲတွေကလဲ သူမကိုအလုအယက်ဌားရမ်းနေကြတာပဲဖြစ်ပါတယ်။ လက်ရှိမှာ ပွဲတွေတက်ရင်း၊ ကြောငြာတွေပဲရိုက်ဖြစ်နေတဲ့ သင်ဇာကတော့ (၂၀၁၉) ခုနှစ်ကို ပထမဆုံးသော မြန်မာဝတ်စုံလေးနဲ့ ပွဲတက်လာခဲ့ပါတယ်။ ကန်တော်ကြီးမျှော်စင်ကျွန်းမှာ ပြုလုပ်ခဲ့တဲ့ Made in Myanmar ပွဲလေးကို ရိုးရှင်းလွန်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ပွဲတက်ခဲ့တာဖြစ်ပြီး သင်ဇာပွဲတက်တဲ့နေ့မှာပဲ ရာသီဥတုတွေဖောက်ပြန်လို့ ဆောင်းတွင်းကြီးမှာမိုးတွေရွာနေခဲ့ပါတယ်။



ရာသီဥတုဖောက်ပြန်တာနဲ့ သင်ဇာမြန်မာဝတ်စုံဝတ်တာနဲ့ တိုက်ဆိုင်သွားတာမို့ ပရိသတ်တွေက သင်ဇာ့ဖက်ရှင်တွေပြောင်းလို့ ရာသီဥတုတွေပြောင်းကာ ဆောင်းတွင်းမှာတောင် မိုးတွေရွာကုန်ပြီဆိုပြီး ကောမန့်ပေးကာ ချစ်စနိုးနဲ့ အပြိုင်အဆိုင် စနောက်ထားကြတာပဲဖြစ်ပါတယ်။ ဘယ်လိုပင်ဆိုဆို သင်ဇာကတော့ ၂၀၁၉ မှာလဲ ၀တ်သင့်တဲ့နေရာကို လိုက်ပြီး Sexy တွေကိုဝတ်ဦးမှာပါလို့ ပြောထားတာကြောင့် ၂၀၁၉ ခုနှစ်မှာလဲ ဘယ်လိုတွေ ဟော့ရမ်းဦးမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါနော်...





Follow us on