1. Home
  2. Special or Others

ဗုဒ္ဓအသေးစားဟု ယုံကြည်ကိုးကွယ်ခံထားရသူ လူငယ်အား အဓ္မပြုကျင့်မှုဖြင့် စစ်ဆေး

Special or Others ม.ค. 08, 2562 view 1,909

နီပေါနိုင်ငံတွင် ဗုဒ္ဓဘုရားရှင် အသေးစားလေးအဖြစ် ယုံကြည်ကိုးကွယ် ဆည်းကပ်ခြင်းခံထားရသော အသက် ၂၈ နှစ်အရွယ် လူငယ်တစ်ဦးအား သူ၏နောက်လိုက်နောက်ပါအချို့ ပျောက်ဆုံးနေမှုနဲ့ သီလရင်တစ်ပါးကို အဓ္ဓမပြုကျင့်မှုတို့ဖြင့် တိုင်ကြားခံရသည့်အတွက် ရဲမျာ၏ စုံစမ်းစစ်ဆေးမှု ခံနေရပါတယ်။


“Ram Bahadur Bomjan” ဆိုသူ လူငယ်ဟာ တောနက်ထဲမှာ အစာရေစာ ဘာမှမစားပဲ မအိပ်ပဲ လပေါင်းများစွာ မလှုပ်မယှက် တရားကျင့်နိုင်သူအဖြစ် ကမ္ဘာသိအောင် လူသိများထင်ရှားခဲ့ပြီး ၂၀၀၅ ခုနှစ်ထဲကစတင်ကာ သူ့ကို ကိုးကွယ်ဆည်းကပ်သူ နောက်လိုက်နောက်ပါများ တိုးပွားလာခဲ့ပါတယ်။

“Bomjan” ကို ၁၉၉၃ ခုနှစ်က မင်းသား ‘ကီနူးရိဗ်’ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “Little Buddha” ဇာတ်ကားထဲကလို ဗုဒ္ဓဘုရားရှင် ဝင်စားတဲ့ လူငယ်လို့ ယုံကြည်သူများလာခဲ့တာလည်းဖြစ်ပါတယ်။


အခုနောက်ပိုင်းမှာတော့ “Bomjan” ဟာ ဘာသာတရားကိုင်းရှိုင်းသူ ဖြစ်သော်ငြားလည်း နောက်လိုက်တပည့်များအပေါ်  ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ ရှိခဲ့တယ်လို့ စွပ်စွဲမှုတွေ ခံထားရပါတယ်။ သူ့ရဲ့နောက်လိုက်တွေထဲက မိသားစု ၄ ယောက် သူတရားကျင့်တဲ့ တောထဲမှာ ရုတ်တရက်ပျောက်ဆုံးသွားပြီးနောက်မှာတော့ အထူးစုံစမ်းစစ်ဆေးရေး ရဲတွေက စုံစမ်းစစ်ဆေးမှုတွေကို စတင်လိုက်ပါတယ်။ ဒါ့အပြင် နောက်လိုက်အချို့ကလည်း “Bomjan” အပေါ် နောက်ထပ် စွပ်စွဲတိုင်ကြားထားတာတွေရှိကြောင်း ရဲအဖွဲ့က AFP သတင်းကို ပြောကြားခဲ့ပါတယ်။

“Bomjan” ဟာ တောနက်ထဲမှာ ထူးခြားတဲ့ ကျင့်စဉ်ဆိုပြီး ထောင်နဲ့ချီတဲ့ တရားပွဲလာပရိသတ်တွေရှေ့မှာပဲ နီပေါရဲ့ဘာသာရေး အယူဝါဒတွေအပေါ် ကြမ်းတမ်းစွာ ပုတ်ခတ်စော်ကား ပြောဆိုတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက အသက် ၁၈ နှစ်အရွယ် သီလရင်တစ်ပါးဟာ “Bomjan” ရဲ့ တရားကျင့်တဲ့ နေရာတစ်နေရာမှာ အဓ္ဓမပြုကျင့်ခံရတယ်လို့ စွပ်စွဲထားပါတယ်။ ဒါ့အပြင် ဒါဇင်နဲ့ချီတဲ့ အခြားကျူးလွန်မှုတွေအတွက်လည်း ဝိုင်းဝန်း စွပ်စွဲတာကို ခံထားရပါတယ်။အတွက်လည်း ဝိုင်းဝန်း စွပ်စွဲတာကို ခံထားရပါတယ်။


အခုလို “Bomjan” ကို စွပ်စွဲခံထားရတာနဲ့ ပက်သက်ပြီး သူနဲ့ ချိပ်ဆက်နေတဲ့ ဘောဓိရှရာဝမ် ဓမ္မသံဃ အဖွဲ့အစည်းက အခုလို စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ သူတို့ရဲ့ ဝဘ်ဆိုက်ဖြစ်တဲ့ setopato.com မှာ ပြောကြားထားပါတယ်။



Follow us on