1. Home
  2. Football

အင်္ဂလန်ရဲ့ VAR စနစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ ချလ်ဆီး နည်းပြ ဆာရီ

Football ม.ค. 09, 2562 view 1,491

မနေ့က Caraboa ဖလား ဆီးမီး ပွဲစဉ်မှာ တော့တင်ဟမ် အသင်းက ချလ်ဆီး အသင်းကို ၁ - ၀ ဖြင့်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ ဂိုးကို ဟာရီကိန်းက လူကျွံအနေအထားကနေဖြတ်ကျော်ပြီး ချလ်ဆီးဂိုးသမား ကီပါနဲ့ တွေ့ဆုံရာမှာ လဲကျခဲ့တာကြောင် ဒိုင်လူကြီး မိုက်ကယ် အိုလီဗာ ပင်နသီ အဖြစ် သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ၂၇ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နသီဂိုးဟာ လူကျွံ အနေအထားကနေ ဂိုး ရရှိသွားတာကြောင့် အငြင်းပွားဖွယ်ဖြစ်ခဲ့ပါတယ်။


အဲ့ဂိုးနဲ့ပက်သက်ပြီး နည်းပြဆာရီက "ခုနလေးကပဲ ကျွန်တော်တို့ရဲ့ ကင်မရာတွေကနေ Video replay ပြန်ကြည့်ခဲ့ပါတယ်။ ဟာရီ ကိန်း လူကျွံနေပါတယ်။ ကျွန်တော်တို့ရဲ့ ကင်မရာတွေဟာ ဟာရီ ကိန်း နဲ့ တစ်တန်း တည်း ရှိနေပါတယ်။ သူ့ရဲ့ခေါင်းနဲ့ ဒူးဟာ အပြင်ထွက်နေတာကြောင့် 'လူကျွံဘော' ပါပဲ။ အဓိကတော့ စည်းကြပ်ဒိုင်က ဆက်ပြီးပြေးနေခဲ့တာပါပဲ အဲဒါကြောင့် ကျွန်တော်တို့ နောက်တန်းလူတွေ ဇဝေဇ၀ါ ဖြစ်ခဲ့ရပါတယ်။


ကျွန်တော်ကတော့ အင်္ဂလန်က ဒိုင်လူကြီးတွေဟာ ဒီ VAR စနစ်နဲ့ အကျွမ်းတ၀င် မရှိသေးပါဘူး။ တကယ်လို့ ဒိုင်လူကြီးတွေ အနေနဲ့ VAR အပေါ် မသေချာဘူးဆိုရင် ဘောလုံးပွဲအပေါ်ပဲ အာရုံစိုက်ပြီး ဆုံးဖြတ်စေချင်ပါတယ်။ ဒါပေမယ့် သူကအဲဒီလို မလုပ်ခဲ့ပါဘူး။ အဲ့ဒီ VAR စနစ်ကို သေချာလေ့လာပြီးမှ အသုံးပြုစေချင်ပါတယ်။ ဒီ VAR စနစ်ကြောင့် တော့တင်ဟမ် အသင်းဟာ ဆီမီးဖိုင်နယ် ပ-ကျော့မှာ အသာရစေခဲ့တယ် လို့ ချလ်ဆီး နည်းပြ ဆာရီက ဆိုပါတယ်။


ဒိုင်တွေအနေနဲ့ နည်းပညာပိုင်းတွေကို လေ့လာဖို့ လိုအပ်ပါမယ်။ အီတလီမှာတုန်းကလညိး ပထမ တစ်နှစ်မှာအဲဒီနည်းပညာအပေါ် နားလည်နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီမှာကျတော့ ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ နည်းပညာ အကူအညီ မယူသေးပဲ Carabao ဖလားပွဲမှာပဲ သုံးစွဲခဲ့တာဆိုတော့ ကစားသမားတွေနဲ့ ဒိုင်လူကြီးတွေအတွက် အထူးအဆန်းဖြစ်နေပါတယ်။ “ လို့ ပွဲပြီးမှာ ပြောကြားခဲ့ပါတယ်။


Caraboa ဖလား ဆီးမီး ဒုကျော့ ကို ဇန်နဝါရီ ၂၂ ရက်နေ့မှာ တော့တင်ဟမ်အသင်းက ချလ်ဆီးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပါတယ်



Follow us on