1. Home
  2. Movie Stars - Celebrity

ကင်မ်ဝူဘင်း လက်ရှိကျန်းမာရေးအခြေအနေကို သတင်းထုတ်ပြန်လိုက်တဲ့အေဂျင်စီ

Movie Stars - Celebrity ม.ค. 09, 2562 view 2,006

သရုပ်ဆောင် ကင်မ်ဝူဘင်းဟာ ကင်ဆာရောဂါကြောင့် အနုပညာအလုပ်တွေကိုရပ်နား နေခဲ့တာကြာပါပြီ။ ဝူဘင်းတစ်ယောက် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ကင်ဆာဝေဒနာကို စတင်ခံစားနေရတဲ့ အချိန်ကစပြီး ပရိတ်သတ်ကိုအသိပေးခဲ့ပါတယ်။


ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက သူငယ်ချင်းဖြစ်သူ မင်းသား လီဂျောင်ဆော့နဲ့ ဟာဝိုင်အီကမ်းခြေကို ခရီးတွေဘာတွေထွက်ခဲ့ပါသေးတယ်။ ပရိတ်သတ်တွေအနေနဲ့ ဝူဘင်တစ်ယောက် ခရီးတွေဘာတွေထွက်နေပြီ ဆိုတာမြင်တွေ့ရတော့ နေပြန်ကောင်းလာပြီး သရုပ်ဆောင် အလုပ်ကိုဆက်လက်လုပ်ကိုင်ဖို့ မျှော်လင့်နေကြပါတယ်။


၂၀၁၉ အစပိုင်းမှာလဲ ချစ်သူဖြစ်တဲ့ သရုပ်ဆောင်မင်းသမီး ရှင်မင်အ နဲ့အတူ ချစ်သူသက်တမ်း (၄) နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ သြစတေးလျကို ခရီးထွက်ခဲ့ပါသေးတယ်။


ချစ်သူနဲ့ခရီးထွက်တဲ့ ပုံတွေမှာ ဝူဘင်းကို ကျန်းကျန်းမာမာ အဆင်ပြေတဲ့ပုံစံမြင်ရတဲ့အတွက် ပရိတ်သတ်တွေအတွက်ဝမ်းသာစရာပါပဲ။ အားလုံးက ဝူဘင်း အမြန်နေကောင်းလာပြီး အရင်လိုသရုပ်ဆောင်အလုပ်ကို ပြန်လည်လုပ်ကိုင်ဖို့ မျှော်လင့်နေခဲ့ကြတာပါ။


သို့ပေမဲ့ သူ့အေဂျင်စီဖြစ်တဲ့ Sidus HQ ကဝူဘင်းတစ်ယောက် ကျန်းမာရေးကောင်းလာတာ မှန်တယ်ဆိုပေမယ့် ဒီနှစ်အတွင်းမှာ အနုပညာလှုပ်ရှားမှုတွေ ပြုလုပ်ဖို့အစီအစဉ်မရှိသေးကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဝူဘင်းရဲ့ ကျန်းမာရေးက အရင်ကထက်စာရင် အခြေအနေပိုကောင်းလာတာမှန်ပေမယ့် လုံးဝဥဿုံ ကောင်းမွန်သွားတာမဟုတ်သေးတဲ့အတွက် သူ့အနေနဲ့ ကျန်းမာရေးကိုပဲ ဒီထက်ပိုပြီး ကောင်းမွန်အောင် အာရုံစိုက်ဖို့ လိုပါသေးတယ်လို့ အေဂျင်စီက ပြောကြားခဲ့ပါတယ်။


 



Follow us on