1. Home
  2. Movie Stars - Celebrity

အခက်အခဲပြဿနာတွေကြောင့် ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ ခြူးလေး

Movie Stars - Celebrity ม.ค. 09, 2562 view 2,078

MRTV-4 ကထုတ်လွှင့်တဲ့ မြန်မာဇာတ်လမ်းတွဲတွေကြည့်တဲ့ ပရိတ်သတ်တွေတော့ ခြူးလေးကိုသိကြမှာပေါ့နော်။ အနုပညာလမ်းကြောင်းမှာ အောင်မြင်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်မဟုတ်ပေမယ့် သူမကတော့ပရိတ်သတ်အပေါ်အချစ်မပြယ်စေပဲ ဇာတ်လမ်းတွဲမင်းသမီးအဖြစ်နဲ့ တည်ရှိနေခဲ့တာပါ။ လက်တလောမှ ခြူးလေးဟာ ကိုယ်ရေးကိုယ်တာကိစ္စများကြောင့်စိတ်ဒဏ်ရာရခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးစားခဲ့ပေမယ့် အနုပညာအသိုင်းအဝိုင်းက မောင်နှမများရဲ့သိရှိမှုကြောင့် လျင်မြန်စွာ တားဆီးကယ်တင်နိုင်ခဲ့ပါတယ်။


သူမ ဘယ်လိုစိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့ခဲ့ရလဲဆိုတာကို ပန်ထွာကိုယ်တိုင်က ရှင်းလင်းတင်ပြခဲ့ပါတယ်။


‘အခုအချိန်ထိစိတ်မကောင်းဖြစ်နေတယ် ညီမလေးရယ် အသဲကွဲဖို့ဒဏ်ကိုမခံနိုင်လို့ ကိုယ့်ကိုကိုယ် သတ်သေဖို့တောင်လုပ်ရလား ညီမလေးရယ် ကံကောင်းလို့ပေါ့ ညကအစ်မတို့အဖွဲ့ တိုက်ခေါင်မိုးပေါ် အချိန်မှီရောက်မလာရင်’


‘အလုပ်တွေအများကြီး လုပ်ရဦးမယ်ညီမလေး အောင်မြင်မှုတွေရှာရဦးမယ် ညီမလေးရဲ့ မိသားစုကိုစောင့်ရှောက်ရဦးမယ်လေ၊ အားတင်းထားပါ ကံတရားလို့ပဲတွေးလိုက်ပါ အစ်မတို့နားလည်ပါတယ်။ ၂ နှစ်ကျော်၊ ၃နှစ်ကျော်အချိန်ကို နှစ်လနီးပါးအချိန်လောက်နဲ့ မေ့ပစ်နိုင်ဖို့ ခက်ခဲမယ်ဆိုတာသိပါတယ်၊ အနုပညာလုပ်နေသူအချင်းချင်း ကိုယ်ချင်းလဲ စာပါတယ်။ မေ့လိုက်ပါညီမလေး၊ အလုပ်ပြီးချိန်ရောက်တိုင်း အစ်မအခန်းထဲမှာလူးလှိမ့်အောင်လာလာငိုရင် အစ်မတို့ တစ်ဖွဲ့လုံးအမြဲလိုက်ငိုရတယ်။’


ညီမလေး အဆင်မပြေတာတွေ၊ ဘဝအကြောင်းတွေ အသဲကွဲတဲ့အကြောင်းတွေကြားရတိုင်း ရင်ထဲဆို့တက်လာတယ်။ ညီမလေးကိုအရင်ထဲက ချစ်တာပါ။ အမေမရှိတော့ပေမယ့် မိသားစုမှာ အကြီးဆုံးတစ်ယောက်ရဲ့ တာဝန်ကိုအပြည့်အဝယူပေးနေရရှာတယ်။ အငယ်တွေရှေ့မှာ မျက်ရည်မကျပဲ ဟန်ဆောင်ပြုံးနေရှာတယ်။အဆင်မပြေခြင်းတွေကုန်ဆုံးသွားမှာပါ။ အရာရာဟာအချိန်တန်ရင်ပြီးသွားမှာပါ။ Fighting Naw အဆင်ပြေပါစေညီမလေးလို့ ဂျူးဂျူးပန်ထွာက သူ့ရဲ့ ဖေ့ဘွတ်ခ်အကောင့်မှာ ရေးသားတင်ခဲ့ပါတယ်။


ပရိတ်သတ်ကြီးရေ ခြူးလေးမှာရှိတဲ့ အခက်အခဲတွေအားလုံးအဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ကြရအောင်လား။

Source- Jue Jue Pan Htwar



Follow us on