1. Home
  2. Special or Others

Master Chef Myanmar ဒိုင်လူကြီးတဦး ရုတ်တရက်ကွယ်လွန်

Special or Others ม.ค. 10, 2562 view 1,810

MRTV4 ရဲ လူကြိုက်အများဆုံး အစီစဉ်တစ်ခုဖြစ်တဲ့ Master Chef Myanmar မှ ဒိုင်လူကြီးမင်းတစ်ဦးဖြစ်တဲ့ Chef Michel Louis Meca ရုတ်တရက်ကွယ်လွန်ခဲ့ကြောင်း သိရှိရသည်။


Chef Michel Louis Meca ဟာ ကမ္ဘာ့အဆင့်မီ စားဖိုမှုးကြီးတစ်ဦးဖြစ်ပြီး ကန်တော်ကြီးပဲ့လေ့စ်ဟိုတယ်မှာ နှစ်ပေါင်းများစွာ တာဝန်ယူပြီး ထူးခြားတဲ့ လက်ရာဟင်းပွဲပေါင်းများစွာ ဖန်တီးပေးခဲ့သူလည်းဖြစ်သလို မြန်မာစာဖိုမှူးကောင်းများစွာကို လေ့ကျင့်သက်ကြားမွေးထုတ်ပေးခဲ့သူလည်းဖြစ်ပါနယ်။


ယခုအခ့ Master Chef Myanmar အစီစဉ်မှာ ဒိုင်လူကြီးအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး သူ့ရဲ့ ပညာသားပါပြီး မျှတတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ရုပ်သံကြည့်ပရိသတ်တွေပါ ကြိုက်နှစ်သက်ရတဲ့ ဒိုင်တစ်ဦးလည်းဖြစ်ပါတယ်။


Chef Michel Louis Meca ဟာ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လယ်ပိုင်း အချိန်က ပြင်သစ်နိုင်ငံမှာ ရုတ်တရက် နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - Master Chef Myanmar's Facebook

သတင်းရင်းမြစ် - ဧရာဝတီ

 



Follow us on