1. Home
  2. Movie Stars - Celebrity

အိမ်ထောင်ပြုပြီးနောက် သီချင်းအသစ်ထွက်ဖို့ကြိုးစားနေပြီဆိုတဲ့ဂျက်စတင်ဘီဘာ

Movie Stars - Celebrity ม.ค. 10, 2562 view 1,794

အသက် ၁၂ နှစ်အရွယ်ကတည်းက ဟောလိဝုဒ် အနုပညာလောကမှာ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်ခဲ့တဲ့ ဘီဘာဟာဆိုရင် အဆိုတော်စလုပ် ကတည်းက ရေပန်းစားကျော်ကြားခဲ့တာ ယနေ့တိုင်ပဲဖြစ်ပါတယ်။


ဂျေဘီတစ်ယောက် ဆယ်လီနာနဲ့ ချစ်ကြိုးသွယ်ခဲ့ပြီး သူ့ဘဝကြီးမှာရှုပ်ထွေးမှုတွေ အများအပြားဖြစ်ပွားခဲ့ပါတယ်။ ဂျေဘီ၊ ဆယ်လီနာနဲ့ ဟေးလီတို့ သုံးပင်လိမ်ပြီး ရှုပ်သွားခဲ့ရာက ဂျေဘီက နောက်ဆုံးမှာ ဟေးလီကိုရွေးခဲ့တာပါ။


ကိုယ်ကချစ်ရတဲ့သူနဲ့ ကိုယ့်ကိုချစ်တဲ့သူမှာ ကိုယ့်ကိုချစ်တဲ့သူကိုသာ ဂျေဘီက ရွေးချယ်ခဲ့ပါတယ်။ ဂျေဘီရဲ့ ပရိတ်သတ်တွေကတော့ သူစိတ်ချမ်းသာဖို့ကိုသာ အဓိကထားတဲ့အတွက် ဂျေဘီလက်ထပ်လိုက်တဲ့ ဟေးလီကိုလဲ ချစ်ခင်ပေးကြပြီး ဆယ်လီနာနဲ့ ဂျေဘီတို့ ငယ်ချစ်နှစ်ယောက်ကို ပေါင်းစည်းစေချင်သူတွေကတော့ ဟေးလီကို ကြိုက်နှစ်သက်ခြင်းမရှိကြပါဘူး။


လက်ရှိမှာတော့ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ ဟောလိဝုဒ်အဆိုတော် ဂျက်စတင်ဘီဘာ တစ်ယောက် ပြီးခဲ့တဲ့ ၂၀၁၈ စက်တင်ဘာလမှာ အိမ်ထောင်ပြုပြီးကတည်းက သီချင်းအသစ်တွေ မထွက်ဖြစ်တော့တာ အချိန်တော်တော်ကြာခဲ့ပြီဖြစ်ပါတယ်။


အခုတော့ ဂျေဘီဟာ ၂၀၁၉ မှာ အယ်လ်ဘမ်အသစ် ထွက်နိုင်အောင် စတူဒီယိုအခန်းအောင်းပြီး ကြိုးစားနေပါပြီတဲ့။ ၂၀၁၈ မှာ ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေကများပြားတာကြောင့် သီချင်းတွေလဲ များများစားစား သိပ်မလုပ်နိုင်ခဲ့ပါဘူး။


အခုတော့ ဂျေဘီက အိမ်ထောင်ပြုအပြီး သီချင်းအသစ်တွေထွက်ဖို့ တစိုက်မတ်မတ် ကြိုးစားနေပြီဆိုတော့ ကြင်စဦး ဇနီးမောင်နှံတွေတွေ့ကြုံ ခံစားရတဲ့ ရိုမန်တစ်ဆန်ဆန် တေးသွားလေးတွေဖြစ်မလား? ဘယ်လိုပဲဖြစ်ဖြစ် သူဆိုတဲ့သီချင်းတိုင်းက မပေါက်ဘူးဆိုတာ ရှားသလောက်ပါပဲ။ ပရိတ်သတ်ကြီးလဲ ဂျေဘီရဲ့ သီချင်းအသစ်တွေကို မျှော်နေလိမ့်မယ်ထင်ပါတယ်။


မကြာခင်မှာ ထွက်ရှိတော့မှာဆိုတော့ သိပ်မကြာတော့ဘူးထင်ပါတယ်။ ဂျေဘီရဲ့ သီချင်းအသစ်ကိုအတူတကွ စောင့်မျှော်လိုက်ကြရအောင်နော်။

 



Follow us on