1. Home
  2. Special or Others

၁၅ လကြာ စားသုံးသူမရှိလို့ ပိတ်ရတော့မယ့် ကိုယ်လုံးတီးချွတ် စားသောက်ဆိုင်

Special or Others ม.ค. 10, 2562 view 1,749

ပြင်သစ်နိုင်ငံက ပထမဦးဆုံး ကိုယ်လုံးတီးချွတ် စားသောက်ဆိုင်ဟာ စားသုံးသူတွေကို မဆွဲဆောင်နိုင်တော့ပဲ ၁၅ လကြာ လာရောက်စားသောက်မည့်သူ မရှိခဲ့တဲ့အတွက် အကြာခင် ပိတ်ရတော့မှာဖြစ်ပါတယ်။

လာမယ့်ဖေဖော်ဝါရီလမှာ ဆိုင်ကိုအပြီးပိတ်တော့မယ်လို့ ဆိုင်ပိုင်ရှင် Mike နဲ့ Stephane Saada က ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ယောက် ဦးစီးတဲ့ ကိုယ်လုံးတီးချွတ်စားသောက်ဆိုင်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ဖွင့်ချင်းမှာ အင်မတန်ရောင်းကောင်းခဲ့ပါတယ်။ အဲဒီအချိန်တွေကို ပြန်သတိရတယ်လို့ သူတို့က ဆိုပါတယ်။


ကမ္ဘာပေါ်မှာ ကိုယ်လုံးတီးချွတ်ခရီးသွားတွေ လှည့်လည်အသွားလာဆုံးဖြစ်တဲ့နေရာမှာ ဒီလိုဆိုင်မျိုးဖွင့်ဖို့  အသက် ၄၂ နှစ်အရွယ် Mike နဲ့ Stephane အမွှာညီနောင်နှစ်ဦးက စီပွားရေးအကြံစည်ရခဲ့ပေမယ့် သူတို့နှစ်ဦးကတော့ ကိုယ်လုံးတီးချွတ်နေတတ်တဲ့ သူတွေမဟုတ်ပါဘူး။


ကိုယ်လုံးတီးချွတ် ကမ်းခြေနဲ့ အပမ်းဖြေစခန်းတွေဟာ ကိုယ်လုံးတီးချွတ်သမားတွေကို ဆွဲဆောင်တဲ့ အရောင်းမြှင့်တင်တာတွေ လုပ်လေ့ရှိအတွက် သူတို့ရဲ့ စားသောက်ဆိုင်ဟာလည်း ဒီနယ်ပယ်ထဲမှာ အလုပ်ဖြစ်လိမ့်မယ်လို့ တွေးခဲ့ကြတာဖြစ်ပါတယ်။


သူတို့စားသောက်ဆိုင်မှာ လာစားကြသူတွေဟာ ဆိုင်ကိုရောက်တာနဲ့ အဝတ်အစားသိမ်းရာ ဗီရိုထဲမှာ အဝတ်အစားတွေ အကုန်ချွတ်သိမ်းခဲ့ပြီး ဆိုင်ကပေးတဲ့ ဖိနပ်ပါးတစ်ရံစီးကာ လွပ်လပ်ပေါ့ပါးစွာ စာသောက်ကြတာဖြစ်ပါတယ်။ ဆိုင်မှာ တပ်ဆင်ထားတဲ့ လိုက်ကာအဖြူကြီးတွေက စားသုံးသူတွေကို အပြင်ကနေ မမြင်ရအောင် ကာထားပေးပါတယ်။ ကျောက်ပုစွန်ကြီးတွေအပါအဝင် ပင်လယ်စာတွေပါတဲ့ အစားအစာ ၃ မျိုးအတွက် ၅၇.၅၀ ဒေါ်လာနဲ့ ရောင်းချပါတယ်။


ပူနွေးတဲ့ရာသီဥတုမှာ ကမ္ဘာလှည့်ကိုယ်လုံးတီးသမားတွေ ပြင်သစ်ကိုရောက်လာပြီး ပင်လယ်ကမ်းစပ်တွေအပါအဝင် သူတို့တွေအတွက် စီစဉ်ထားတဲ့ နေရာပေါင်း ၄၆၀ လောက်မှာ စတည်းချတတ်ကြပါတယ်။

သူတို့ရဲ့ စားသောက်ဆိုင်ကတော့ လူမဝင်တာ ၁၅ လခန့်ကြာမြင့်ခဲ့ပြီဖြစ်တာကြောင့် အပြီးပိတ်တော့မှာဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ သူတို့ဆိုင်မှာ လာရောက်စားသောက်ခဲ့ပြီး အမှတ်တရပုံတွေကို ဖြန့်ဝေခဲ့တဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ဆိုင်ရှင် အမွှာညီအစ်ကိုနှစ်ဦးက ဆိုပါတယ်။



Follow us on