1. Home
  2. Football

ကမ္ဘာ့ဖလား အိမ်ရှင် ကာတာ အသင်းကို ကိုင်တွယ်ဖွယ်ရှိတဲ့ အာစင်ဝင်းဂါး

Football ม.ค. 10, 2562 view 1,532

အာဆင်နယ်အသင်းကနေ ထွက်ခွာခဲ့ပြီး နောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတဲ့ အာဆင်ဝင်ဂါး ဟာ ၂၀၂၀ ကမ္ဘာ့ဖလား အိမ်ရှင် ကာတာ အသင်းကို ကိုင်တွယ်ဖွယ် ရှိတယ်လို့ သိရပါတယ်။

ကာတာအသင်းဟာ ၂၀၂၀ ကမ္ဘာ့ ဖလားမှာ အောင်မြင်မှုရစေဖို့ အာဆင်နယ်အသင်းကို (၂၂) နှစ်ကြာ ကိုင်တွယ်ခဲ့သော အာစင်ဝင်းဂါးကို ကာတာဘောလုံးတာဝန်ရှိသူများက ဆက်သွယ်နေကြောင်း ဗြိတိန်သတင်းစာများ ဖော်ပြကြသည်။


အာစင်ဝင်းဂါးသည် နိုင်ငံ့လက်ရွေးစင်အသင်းတစ်သင်းသင်းကို ကိုင်တွယ်ရန် ဆန္ဒရှိသည်ဟု ဝန်ခံထားသူဖြစ်ပြီး လက်ရှိအချိန်တွင် ကာတာအခြေစိုက် ရုပ်သံလိုင်းဖြစ်သည့် beIn Sports တွင် ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်လျက်ရှိနေသူဖြစ်သည်။

ကာတာအသင်းကို လက်ရှိအချိန်တွင် စပိန်လူမျိုးနည်းပြတစ်ဦးဖြစ်သူ ဖီးလစ်ဆန်းချက်ဇ်ဘတ်စ်က ကိုင်တွယ်လျက်ရှိနေပြီး ကာတာဘောလုံး တာဝန်ရှိသူများအနေဖြင့် ၂၀၂၂ ကမ္ဘာ့ ဖလားမတိုင်မီ အသင်းကို ကမ္ဘာကျော်ထိပ်တန်းနည်းပြတစ်ဦးအား ကိုင်တွယ်စေရန် ဆန္ဒရှိနေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။



Follow us on