1. Home
  2. Movie Stars - Celebrity

သိန်း (၁၀၀) နဲ့အာမခံပေးသူနှစ်ဦးကြောင့် အချုပ်ကင်းလွတ်ခွင့်ရသွားတဲ့ ရွှေအိမ်စည်

Movie Stars - Celebrity ม.ค. 10, 2562 view 1,617

ခပ်ချေချေပဲ နေတတ်ထိုင်တတ် ပြုမူလှုပ်ရှားတတ်သူတွေထဲမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်တဲ့ အလှမယ်ရွှေအိမ်စည်ကတော့ သွက်လက်ထက်မြတ်သူတစ်ဦးဖြစ်ပြီး သူမရဲ့အချေစတိုင်လေးကပဲ ဆွဲဆောင်မှုတစ်ခုဖြစ်လို့နေကာ ပရိသတ်တွေက သဲသဲလှုပ်ချစ်နေကြရသူပဲဖြစ်ပါတယ်။ ပိုလန်နိုင်ငံမှာကျင်းပခဲ့တဲ့ ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ခဲ့ပြီးပေမယ့် Organization နဲ့သူမကြားက ပြဿနာတွေကတော့ မပြီးဆုံးသေးပဲ တငွေ့ငွေ့နဲ့ ကျန်ရှိနေဆဲဖြစ်ပါတယ်။

 မကြာသေးခင်ကပဲ အလှမယ်ရွှေအိမ်စည်တစ်ယောက် တရားစွဲဆိုခံထားရတယ်ဆိုတဲ့ သတင်းတွေကြောင့် ပရိသတ်တွေကြားစိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။ ရွှေအိမ်စည်ကိုတော့ Miss Myanmar Organization ရဲ့ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဒေါ်စိုးယုဝေက တရားစွဲဆိုထားတာဖြစ်ပြီး လူမှုကွန်ယက်ကနေတစ်ဆင့် လျော်ကြေးငွေတောင်ခံမှု၊ ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်မှုတို့ကြောင့် ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့တရားစွဲထားတာဖြစ်တယ်လို့ သိရပါတယ်။ ရွှေအိမ်စည်ကတော့ သူမဘက်ကနေ သိန်း ၁၀၀ နဲ့အာမခံပေးသူနှစ်ဦးကြောင့် ၀န်ခံကတိနဲ့ အချုပ်ကျမယ့်ဒဏ်ကနေ လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ သူမယခုလိုဖြစ်သွားတဲ့အတွက်လည်း သူမရဲ့ပရိသတ်တွေက အလွန်အမင်းစိုးရိမ်လို့နေကြပါတယ်။

ယခုလို သူမတရားစွဲခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရွှေအိမ်စည်ဘက်မှ သူမရဲ့လူမှုကွန်ယက်ကနေ ယခုလိုရေးသားခဲ့တာကိုလည်း တွေ့ရပါတယ်။ “အိမ်စည့်ကိုမှီပြီး သူတို့ attention ပြန်ယူချင်နေတဲ့ အဖွဲ့အစည်းတစ်ခုအတွက်ကြောင့် ပရိသတ်ကြီးစိတ်မပူစေချင်လို့ပါ။ ဒီနေ့ပဲခူးမှာ Shooting ရှိတာ သွားရတာလေး နည်းနည်းနောက်ကျတာကလွဲလို့ ပုံမှန်အတိုင်းအလုပ်တွေ ဆက်လုပ်လျက်ပါ။ ဒီကိစ္စကြီးအဖြေထွက်ရင် ပရိသတ်ကြီးနဲ့အတူတူ အောင်ပွဲခန်ဖို့စိတ်လှုပ်ရှားနေနှင့်ပြီ” ဆိုပြီးရေးသားကာ သူမကိုစိတ်ပူကျဖို့နဲ့ အမှားအမှန်က မကြာခင်ပေါ်လာတော့မှာဖြစ်ကြောင်း အသိပေးထားတာပဲဖြစ်ပါတယ်။ ဘယ်လိုပြဿနာမျိုးနဲ့ပဲကြုံကြုံ အမြဲမပြုံးမပြတ်တဲ့ ရွှေအိမ်စည်ကတော့ စိတ်ဓာတ်ခိုင်မာသူလေးတစ်ယောက်ပါနော်...

 



Follow us on