1. Home
  2. Special or Others

အီတလီမိတ်ကပ်ပညာရှင်ရဲ့ သုံးဘက်မြင် 3D မိတ်ကပ်အစွမ်း (ရုပ်သံ)

Special or Others ม.ค. 10, 2562 view 1,642

အီတလီနိုင်ငံက အသက် ၄၀ အရွယ် မိတ်ကပ်ပညာရှင် “Luca Luace” ရဲ့ 3D မိတ်ကပ်အစွမ်းက မြင်ရသူတိုင်း အံ့သြမှင်သက်သွားစေနိုင်တာအမှန်ပဲဖြစ်ပါတယ်။ ဖိုတိုရှော့ပညာနဲ့ ဓါတ်ပုံပေါ်မှာ ဖြည့်စွက်ပြင်ဆင်ထားတာလို့ သံသယဝင်စရာကောင်းလောက်အောင် သူ့ရဲ့ မိတ်ကပ်ပညာက လူတွေရဲ့ အမြင်အာရုံကို အကြီးကြီးလှည့်စားထားနိုင်ပါတယ်။


Luca Luace” ဟာ အီတလီနိုင်ငံ ရုပ်မြင်သံကြားထုတ်လုပ်ရေးဌါနတစ်ခုရဲ့ မိတ်ကပ်ဖန်တီးသူအဖြစ် ၁၈ နှစ်ကျော်ကြာ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်ကစလို့ ပန်းချီဆန်ဆန် အနုပညာမြောက် အမြင်အာရုံလှည့်စားနိုင်တဲ့ 3D မိတ်ကပ်လိမ်းခြယ်မှုတွေကို သူ့ရဲ့ခန္ဓာကိုယ်ကိုပေါ်မှာ လိမ်းချယ်ပြသမှုတွေ စတင်ခဲ့ပါတယ်။


မိတ်ကပ်လိမ်းချယ်ထားတဲ့ သူ့ရဲ့ဓါတ်ပုံတွေလူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့တာကြောင့် ၂၀၁၅ လောက်မှာပဲ သူဟာ အွန်လိုင်းပေါ်မှာပါ လူသိများ နာမည်ရလာတဲ့ မိတ်ကပ်ပညာရှင်ဖြစ်လာခဲ့ပါတယ်။


ဆန်းပြားတဲ့ သုံးဘက်မြင် 3D ရုပ်ပုံတွေ ဒီဇိုင်းအသစ်တွေကို စက္ကူဖြူပေါ်မှာ ဖန်တီးရေးဆွဲနေလေ့ရှိပြီး စိတ်ကြိုက်ဒီဇိုင်းတစ်ခု ရလာပြီဆိုရင်တော့ အဲ့ဒီပုံအတိုင်း သူ့ရဲ့မျက်မှာပေါ်မှာ ကိုယ်တိုင် ပြန်လည်လိမ်းခြယ်ပြီး ပရိသတ်တွေကို ဖော်ပြလေ့ရှိပါတယ်။ “Luca Luace” ရဲ့ လက်ရာတွေဟာ ဖိုတိုရှော့ပြုပြင်မှုတွေ မဟုတ်ကြောင်းကို ရုပ်သံများနဲ့တစ်ကွ ကြည့်ရှုအားပေးပါဦး။




Follow us on